A Troll in Central Park (1994)
ဒီဇာတ်လမ်းလေးကတော့ Stanley ဆိုတဲ့မှင်စာလေးကိုအခြေခံထားပြီးပုံဖော်ထားပါတယ်။ Stanley ဟာမှင်စာဖြစ်ပေမယ့်စိတ်ရင်းနှလုံးကောင်းမွန်ပြီး နူးညံ့တဲ့ဗီဇရှိတဲ့အမျိုးဖြစ်ပါတယ်။သူ့မှာပန်းပင်လေးတွေကိုဖန်တီးနိုင်တဲ့မှော်ဆန်တဲ့အစိမ်းရောင်လက်မလေးကိုပိုင်ဆိုင်ထားတယ်။စိတ်မကောင်းစရာတစ်ခုကတော့ မှင်စာတိုရဲ့ကမ္ဘာမှာဒီလိုကြင်နာမှုတွေ၊ လှပမှုတွေကိုအလိုမရှိကြပါဘူး။ဆိုတော့ Stanley ကပန်းလေးတွေကိုသူ့ရဲ့နေရာလေးမှာပဲဘယ်သူမှမမြင်အောင်ဖုံးကွယ်ပြီးစိုက်ပျိုးထားရတာပါ။ဒီလိုနဲ့တစ်ရက်မှာတော့ပန်းပွင့်ကြီးတစ်ခုကိုဖန်တီးမိလိုက်ပြီးဘုရင်မကြီးဆီ Stanley ရဲ့သတင်းကရောက်ရှိသွားပါတယ်။Stanley ပြည်နှင်ဒဏ်ပေးခံလိုက်ရပါတယ်။ဒါပေမယ့်ဘုရင်မကြီးကတော့သူ့ကိုလုပ်ထုံးလုပ်နည်းအရကျောက်တုံးအဖြစ်ပြောင်းပစ်ချင်နေတာပါ။Central Park မှာ Stanley က Gus တိုမောင်နှမနှစ်ယောက်နဲ့ဆုံပြီးပျော်ရွှင်နေတာကို ဘုရင်မကြီးကတွေ့တော့သူ့ရဲ့ဒေါသတွေပိုပြီးကြီးထွားလာပါတယ်။ဆိုတော့ Stanley ဘုရင်မကြီးရဲ့ဒေါသကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲ၊ဘယ်လိုအခက်အခဲ အတားအဆီးတွေကိုကျော်ဖြတ်ရမလဲဆိုတာကိုကြည့်ရှုရမှာဖြစ်ပါတယ်။
😍ကြည့်ရန်နှိပ်ပါ👇
https://t.me/animezatcar/86
