မဟာဝိသုဒ္ဓါရုံကျောင်းတိုက်မှ သံဃာတော် ၆ ပါးတွင် ကိုဗစ်ပိုးတွေ့ရှိဟုဆို
မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ်၊ ဒေးဝန်းအရှေ့ရပ်ကွက်၊ ၈၆×၈၇ လမ်းကြား၊ ၃၆×၃၇ လမ်းကြားရှိ မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ စည်ရှင်ကျောင်းရှိ သံဃာတော် ၆ ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း ကျောင်းတိုက်နှင့်နီးစပ်သည့် ဒကာအသိုင်းအဝိုင်းက သိရသည်။
မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ စည်ရှင်ကျောင်းတွင် ဖျားနာနေသော သံဃာတော် ၉ ပါးအား မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ သံဃာတော် ၆ ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ဇွန်လ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပြီး အဆိုပါ သံဃာတော် ၆ ပါးအား မဟာဝိသုဒ္ဓါရုံကျောင်းတိုက်၊ စည်ရှင်ကျောင်းအတွင်းရှိ သီးသန့်အခန်းတွင် သီတင်းသုံးထားရှိကြောင်း သိရသည်။
