2 w - Translate

မကွေးဆေးရုံကြီးမှာ ကိုဗစ်လူနာတစ်ဦး သေဆုံး

မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အသက် ၃၁ နှစ်အရွယ်ကိုဗစ်လူနာ သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့၊ ရွှေအိုး(၁)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသား ကိုဗစ်လူနာတစ်ယောက်ဟာ မကွေးမြို့ဆေးရုံကြီးမှာ တက်ရောက်ကုသမှုခံယူနေစဉ် ဇွန်လ (၁၇)ရက်က သေဆုံးသွားတယ်လို့ မကွေးမြို့မှာရှိတဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေက ပြောပါတယ်။

သေဆုံးသွားတဲ့ကိုဗစ်လူနာကို ဇွန်လ ၁၈ ရက်က မကွေးမြို့၊ ချမ်းမြေ့သာယာသုသာန်ကို မြေပြင်လူမှုကယ်ဆယ်ရေးအသင်းက ကိုဗစ် – ၁၉ ကာကွယ်ရေးနည်းလမ်းတွေအတိုင်း သယ်ဆောင်ပြီး ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်မှုအရ ယခုနှစ် မေလ ၅ ရက်နေ့က ပိုးတွေ့သူ ၁ ဦး၊ မေလ ၂၀ ရက်နေ့ကပိုးတွေ့သူ ၁ ဦး၊ မေလ ၂၇ ရက်နေ့က ပိုးတွေ့သူ ၆ ယောက်နဲ့ ဇွန်လ ၃ ရက်နေ့က ပိုးတွေ့သူ ၁၇ ဦး၊ ဇွန်လ ၉ ရက်နေ့က ပိုးတွေ့သူ ၃၁ ဦးအပါအဝင် ဇွန်လ ၁၆ ရက်နေ့က ပိုးတွေ့သူ ၅၂ ယောက် အထိရှိခဲ့တာဖြစ်တယ်လို့သိရပါတယ်။

image