2 ပတ် - ဘာသာပြန်ပါ။

aptop mic တွေ ဖိတ်ခေါ်နေတဲ့ လုံခြုံရေးအန္တရာယ်

FM ရေဒီယိုဖမ်းစက်တစ်ခုနဲ့ ကြေးနီအန်တနာတစ်ခုရှိရင် တစ်ဖက်ခန်းက laptop ကို စပိုင်စပီကာ လုပ်လို့ရတယ် ဆိုပြီး သုတေသနတစ်ခု ထွက်လာပါတယ်။

ဖလော်ရီဒါ တက္ကသိုလ်နဲ့ ဂျပန်နိုင်ငံ လျှပ်စစ်ဆက်သွယ်ရေးတက္ကသိုလ်က ပညာရှင်တွေ စမ်းသပ်ခဲ့တာပါ။ laptop နဲ့ စမတ် speaker တွေမှာ သုံးတဲ့ မိုက်ခရိုဖုန်းကနေ လျှပ်စစ်သံလိုက်လှိုင်းသုံးပြီး အသံတွေ ခိုးနားထောင်လို့ ရတာကို စမ်းပြသွားတာပါ။ ကိုယ်မသိဘဲ ကိုယ့်ဘာသာအခန်းထဲ အသံလွှင့်စက်တပ်ထားမိသလိုမျိုးပါပဲ။

lapto နဲ့ စပီကာတွေမှာ အသံလှိုင်းကို ဒီဂျစ်တယ်အချက်ပြ signal ပြောင်းတဲ့ MEMS မိုက် (Micro-Electro-Mechanica Systems) လေးတွေ ပါပါတယ်။ MEMS မိုက်က ဖမ်းယူထားတဲ့ ဒီဂျစ်တယ် signal တွေကို ရေဒီယိုကနေ အသာလေးဖမ်းလို့ရပါတယ်။ ဒီအသံလှိုင်းက ၁၀ လက်မထူတဲ့ ကွန်ကရစ်နံရံကိုပါ ဖောက်ထွင်းနိုင်ပါတယ်။

"FM ရေဒီယိုဖမ်းစက်နဲ့ copper အန်တနာတစ်ခုရှိရင် ဒီမိုက်ခရိုဖုန်းတွေကို ခိုးနားထောင်လို့ရတယ်။ ဘယ်လောက်လွယ်သလဲဆိုတာ။ကုန်ကျစရိတ်ကလည်း ဒေါ်လာရာဂဏန်းတောင် မပြည့်ဘူး" လို့ စမ်းသပ်မှုမှာ ပါခဲ့တဲ့ ဖလော်ရီဒါတက္ကသိုလ် ကွန်ပျူတာနဲ့ သတင်းအချက်အလက်သိပ္ပံအင်ဂျင်နီယာ ပါမောက္ခ ဆာရာ ရမ်ပက်ဇီက ပြောပါတယ်။

ပညာရှင်တွေ စမ်းသပ်ပုံက ဒီလိုပါ။ တခြားအခန်းမှာ အမျိုးသမီးတစ်ယောက်က "သစ်သားကနူးလှေ ပျဉ်ပေါ်က လျှောကျသွားတယ်။ စာရွက်ကို နောက်ခံနက်ပြာပေါ် ကပ်ထား" စတဲ့ စကားတွေ ပြောခိုင်းပါတယ်။ အဲ့အခန်းက အပေါ်မှာ ပြောသလို ကွန်ကရက်ထု ၁၀ လက်မအထူနဲ့ ခြားထားတဲ့အခန်းပါ။

ဒီစကားသံကို FM ရေဒီယိုနဲ့ အန်တနာသုံး ဖမ်းပြီး OpenAI နဲ့ Microsoft က ထုတ်တဲ့ AI speech-to-text tools နဲ့ အသံလှိုင်းတွေ စစ်ထုတ်ပြီး ရှင်းရှင်းလင်းလင်း နားထောင်လို့ရအောင် လုပ်ပါတယ်။ အသံကိုတောင် စာသားပြောင်းလိုက်ပါတယ်။ ကွန်ကရစ်ဖြတ်ပြီး ၂ မီတာအကွာ ကနေတောင် စကားသံတိကျမှုက ၉၄.၂% အထိ ရှိတယ်လို့ ဆိုပါတယ်။

image