2 ပတ် - ဘာသာပြန်ပါ။

TikTok ကို တတိယကြိမ် သက်တမ်းတိုးပေးလိုက်တဲ့ သမ္မတ
အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအန္တရာယ်လို့ ဆိုတဲ့ TikTok ကို အမေရိကန်အစိုးရက နောက်ထပ် ရက် ၉၀ သက်တမ်းတိုးပေးဖို့ လုပ်နေပါတယ်။

ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာတဲ့နောက် ဇန်နဝါရီလကစလို့ TikTok ကို နိုင်ငံထဲက ပိတ်မယ့်ကိစ္စက ရက် ၉၀ သက်တမ်းတိုးနဲ့ deadline တွေ ဆွဲဆန့်လာခဲ့တာပါ။ ထရမ့် သမ္မတကျမ်းကျိန်ပွဲမတိုင်ခင် တရားရုံးက TikTok ရဲ့ အမေရိကန်က လုပ်ငန်းတွေ ဖျက်သိမ်းဖို့ အမိန့်ပေးခဲ့ပြီး ထရမ့်က သူ့လက်ထက်မှာ ချက်ချင်းအမိန့်ထုတ်ပြီး ဆိုင်းငံ့ထားခိုင်းတာပါ။

အခုဆို TikTok ပိတ်မယ့်ကိစ္စက သုံးကြိမ်မြောက်ကို ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဥပဒေအရ ရက် ၉၀ သက်တမ်းတိုးခွင့်တစ်ခါပဲ ဆိုပေမယ့် သမ္မတက ဆက်တိုးပေးနေတာပါ။ ဒုတိယ ဆိုင်းငံ့ရက်က ဇွန် ၁၉ ရက်နေ့မှာ ကုန်မှာပါ။

ထရမ့်ကတော့ နောက်တစ်ကြိမ် ထပ်တိုးပေးမယ့်အကြောင်း ပြီးခဲ့တဲ့ မေကလတည်းက ပြောထားတာ ရှိပါတယ်။ သူလိုချင်တဲ့ သဘောတူညီမှုမရသေးတာကြောင့်လို့ ဆိုပါတယ်။ ထရမ့်လိုချင်တာက TikTok ရဲ့ အမေရိကန်လုပ်ငန်းတွေကို အမေရိကန်လုပ်ငန်းရှင်တွေ လက်ထဲ ရောက်စေချင်တာပါ။

image