2 ပတ် - ဘာသာပြန်ပါ။

ဆေးသုံးတယ် ပြောတဲ့ သတင်းဌာနတွေကို အီလွန်မတ်စ် စိန်ခေါ်

အရင်အပတ်တွေတုန်းက အီလွန်မတ်စ်မျက်လုံးထောင့်တွေ ညိုနေတာ ဆေးချလို့ဆိုပြီး ပွဲဆူခဲ့ပါတယ်။

ဒီအသံတွေကို ရှင်းချက်ထုတ်ဖို့ ကတ်တမင်း ၊ အက်စတက်ဆီ ၊ ကိုကိန်းအပါအဝင် မူးယစ်ဆေး ၂၀ ကျော်လောက် စစ်ထားတဲ့ ဆေးစစ်ချက်ကို အီလွန်မတ်စ်က လိုင်းပေါ် တင်ပါတယ်။ စစ်ချက်က Negative ဆိုပြီး ပြထားပါတယ်။ X ပေါ် မူးယစ်ဆေးစစ်ချက်တင်ရုံတင်မဟုတ်ပါဘူး။ သူ့ကို ဆေးသုံးတယ်ဆိုပြီး သတင်းရေးခဲ့တဲ့ သတင်းဌာနတွေပါ ချဲလင့်လုပ်ပါတယ်။

အီလွန်မတ်စ် တင်တဲ့ drug test အောက်မှာ တစ်ယောက်က " NYTimes က ဝန်ထမ်းလည်း ဒီလိုဆေးစစ်တာ မြင်ချင်ပါဘိ" လို့ ရေးတာနဲ့ အီလွန်မတ်စ်လည်း "ကောင်းလိုက်တဲ့ အိုင်ဒီယာ။ အခု ဒီနေရာကနေ NYT နဲ့ WSJ ကို မူးယစ်ဆေးစစ်ပြီး လိုင်းပေါ် result တင်ဖို့ စိန်ခေါ်တယ်" လို့ reply ပြန်ပါတယ်။

"ဒီကြောင်သူတော်တွေ အပြစ်လုပ်ထားလို့ ဆေးစစ်ချက်တင်ရဲမှာ မဟုတ်ဘူး။" လို့လည်း ပြန်ဖဲ့ပါတယ်။ New York Times နဲ့ Wall Street Journal နှစ်ခုလုံးက ထရမ့်ကမ်ပိန်းတွေတုန်းက အီလွန်မတ်စ် မူးယစ်ဆေးအလွန်အကျွံ သုံးခဲ့တယ်ဆိုပြီး သတင်းဖော်ပြခဲ့ဖူးပါတယ်။

NYT သတင်းတစ်ပုဒ်မှာ အီလွန်မတ်စ်က ဆေးအမျိုး ၂၀ လောက်ပါတဲ့ ခရီးဆောင်ဗူးလေး သယ်သွားတတ်တယ်လို့ ပြောထားပါတယ်။ အဲ့ဒီဆေးတွေထဲမှာ စွမ်းရည်မြင့် စိတ်လှုံ့ဆော်နိုင်စွမ်းတွေ ပါတယ်လို့လည်း ဆိုပါတယ်။ အီလွန်မတ်စ်က သူ့စိတ်ကျန်းမာရေးအတွက် အရင်က ဆရာဝန်ညွှန်ကြားချက်နဲ့ ကတ်တမင်းသုံးဖူးတယ်လို့ ဝန်ခံခဲ့ဖူးပါတယ်။

"ရှင်းရှင်းပြောပါမယ်။ အခု ကျုပ် မူးယစ်ဆေးမသုံးတော့ဘူး။ NYT က လိမ်နေတာ" ဆိုပြီးလည်း ပြောပါတယ်။

အခုဆေးစစ်ချက်က ဆီးစစ်ချက်ရလဒ်ပါ။ မူးယစ်ဆေးစစ်ချက်တွေက ၂ ရက်ကနေ ၁၀ ရက်အတွင်း သုံးထားတာပဲ ပြတယ်လို့ drug test ဌာနတစ်ခုဖြစ်တဲ့ Fastest Labs ဝက်ဘ်ဆိုက်က ဆိုပါတယ်။ အီလွန်မတ်စ် ဆေးသုံးတယ်လို့ NYTက သတင်းတင်ပြီး ၁၂ ရက်အကြာမှာ အခုလို ဆီးစစ်ခဲ့တာပါ။

WSJ ကတော့ အီလွန်မတ်စ် မူးယစ်ဆေးသုံးကြောင်းအပြင် Tesla က သူ့နေရာမှာ CEO သစ်တစ်ယောက်နဲ့ အစားထိုးဖို့ လုပ်နေတယ်ဆိုပြီးပါ သတင်းတင်ခဲ့ပါတယ်။ အဲ့ဒီသတင်းကိုလည်း Tesla board အဖွဲ့က ငြင်းချက်ထုတ်ခဲ့ပါတယ်။ အီလွန်မတ်စ် စိတ်ဆိုးလောက်တဲ့ နောက်ခံလေးတွေပါ။

image