လက်တလောမှာဆိုရင် လာမိုင်းယာမဲလ် က အသက် ၃၀ အရွယ်စပိန်လူမျိူး influencer တစ်ယောက် ဖြစ်တဲ့ ဖာတီဗက်ဇ်ကွက် နဲ့ အတူ ဒိတ်လုပ်နေတယ်လို့ သတင်းတွေထွက်နေတယ်။ နှစ်ဖက်လုံးက ဒါကို ငြင်းပယ်ထားတယ်။
ယာမဲလ်ဟာ ဘာဆာအသင်းဖော်တွေနဲ့ အားလပ်ရက်ကို ကုန်ဆုံးနေတယ်။ ဒီလိုသတင်းတွေကတော့ ထွက်မှာပဲ။ ဘာကြောင့်ဆိုရင် ယာမဲလ်ရဲ့ Impact တစ်ခုကလည်း အနေအထားတစ်ခုမှာရှိတာကိုး။
တကယ်ဟုတ်လား မဟုတ်လား၊ အရေးသိပ်ပြီးတော့ မကြီးဘူး။ ယာမဲလ်လေးအဖို့တော့ ဒီလိုမျိုးကိစ္စ ကို သတိထားဖို့တော့လိုမယ်။ မိန်းမကိစ္စနဲ့ပတ်သက်ရင် ဖြည့်ပျက်သွားတတ်တဲ့ကစားသမားတွေဟာ ဒုနဲ့ဒေးဆိုတော့ ယာမဲလ်လေးရဲ့အနာဂတ်အတွက် သူကိုယ်တိုင်ထိန်းနိုင်မှပဲ စိုပြေမှာပါ။
