ကလပ်ကမ္ဘာ့ဖလားကို ပထမဆုံးအဖွင့်အနေနဲ့ကစားရတာက အိမ်ရှင်ကလပ်ဖြစ်တဲ့ အင်တာမိုင်ယာမီ ပါဝင်နေတဲ့ အုပ်စု A ပဲ။ မက်ဆီ နဲ့ ဆွာရက်ဇ်တို့ပါနဲ့ အင်တာမိုင်ယာမီကလည်း မစွံဘူး။ အုပ်စုတွင်း ပြိုင်ဘက်တွေကလည်း မစွံဘူး။
Inter Miami vs Al Ahly ကလည်း ဂိုးမရှိရလဒ်နဲ့ သရေကျတယ်။ Porto vs Palmeiras တို့ကလည်းပဲ ဂိုးမရှိတဲ့သရေကျတယ်။ လေးသင်းလုံးက အုပ်စုပွဲစဉ် ၁ ကစားပြီးတဲ့အထိ သွင်းဂိုးရဲ့အရာသာကို အခုထိမသိကြသေးဘူး။
နဂါးကြီးက တစ်ကောင်တည်းပဲ လျှာထွက်နေတာမဟုတ်ဘူး။ လေးကောင်လုံးပါ လျှာထွက်နေခဲ့တာ။ အခြားအုပ်စုတွေက ရှယ်ကြမ်းနေတဲ့အချိန် အုပ်စု A ကတော့ သရေရလဒ်တွေနဲ့ လေးသင်းပေါင်းလို့ သွင်းဂိုးတစ်ဂိုးတောင်မသိရသေးဘူး။ ‘သူမသာ ကိုယ်အသုဘ’ ဖြစ်နေတဲ့ အုပ်စုပါ။
