1 w - Translate

ရီးရဲလ်နည်းပြဘ၀ ပထမဆုံးပွဲမှာ အလွန်ဆိုကို နိုင်ပွဲမ၇စေခဲ့တာက ဗယ်လ်ဗာဒီပါ။ နာကျင်အချိန်ပိုမှာ ရခဲ့တဲ့ ပင်နယ်တီကို သူ ကန်သွင်းတာ မဝင်ခဲ့ဘဲ အယ်လ်ဟီလယ်ဂိုးသမား ဘိုနိုက ကာကွယ်သွားခဲ့ပါတယ်။ ၁-၁ နဲ့ အဆုံးသတ်ခဲ့ပြီး နည်းပြသစ်နှစ်ဦးရဲ့ အားပြိုင်မှုက အဖြေမထွက်ခဲ့ပါဘူး။
အယ်လ်ဟီလယ်နည်းပြသစ် အင်ဇာဂီကတော့ ရီးရဲလ်ကို သရေကစားနိုင်ခဲ့တာမို့ ကျေနပ်စရာဖြစ်သွားမှာပါ။ ရာသီဥတုပူပြင်းတာကြောင့် ရီးရဲလ်ကစားသမားတွေ ရုန်းကန်ခဲ့ရပြီး အယ်လ်ဟီလယ်က ဒါကို အခွင့်ကောင်းယူကာ အပြန်အလှန်ကစားနိုင်ခဲ့ပါတယ်။
ပထမပိုင်းကတည်းက ၁-၁ ဖြစ်နေခဲ့ပြီး အဲဒီအတိုင်းပဲ အဆုံးသတ်သွားခဲ့တာပါ။ ဘိုနိုက ဟီးရိုးဖြစ်ခဲ့ပြီး အယ်လ်ဟီလယ်ကို ရှုံးပွဲမတွေ့အောင် ကယ်တင်ပေးသွားခဲ့ပါတယ်။

image