သီးပင်စားပင်တွေကို အိုးနဲ့စိုက်ရင်ဂရုစိုက်ရမည့်အချကိများ
အောက်ပါမြေဆွေးစပ်နည်းနဲ့အားဆေးပြုလုပ်နည်းလေးသုံးကြည့်ပါနော်
မြေဆွေးပုံပြုလုပ်နည်းအဆင့်ဆင့်
(၁) အရိပ်ရသောနေရာတွင် အလျား (၆)ပေ၊ အနံ(၃)ပေ၊ အမြင့်(၃)ပေ အရွယ်အပုံ(သို့) ကျင်းများတွင်ပြုလုပ်ပါ။
(၂) ၎င်းအရွယ်ထက်သေးပါက လိုအပ်သောအပူချိန်ကိုမရရှိနိုင်ပါ။
(၃) ကာဗွန်ဓါတ်ကဲသော ကုန်ကြမ်းများ (ကောက်ရိုး၊ သစ်ရွက်ဆွေး၊ စပါးခွံ) များကို အောက်ခြေတွင် (၆) လက်မအမြင့်ခင်းပါ။
(၄) နိုင်ထရိုဂျင်ကဲသော ကုန်ကြမ်းများကိုနောက်ထပ် (၆) လက်မအထူထပ်ခင်းပါ။
(၅) နွားချေးဆွေး၊ ကြက်ချေးဆွေးတို့ကို ယင်းအပေါ်မှ (၂) လက်မခန့်အထူခင်းပါ။
(၆) ၎င်းအလွှာစဉ်အတိုင်း (၃) ပေအမြင့်ရောက်သည်အထိ ထပ်ပေးပါ။
(၇) အစိုဓါတ်အသင့်အတင့်ရရန် (၄၀-၇၀) % ရေလောင်းပါ။
(၈) လေဝင်လေထွက်ကောင်းရန် အပုံတစ်ဖက်တစ်ချက်စီတွင် ဝါးလုံးများရိုက်သွင်းပါ။
(၉) မြေဆွေးပုံများကို အပူချိန်ထိန်းထားနိုင်ရန် ကောက်ရိုး၊ မြေကြီးစသည်တို့ဖြင့် ဖုံးပေးရန်လိုသည်။
(၁၀) (၂) ပတ်ခန့်အကြာ မြေဆွေးပုံကို အပူချိန်လွန်ကဲမှုမရှိစေရန် အဖုံးအကာများကို (၁၅) မိနစ်ခန့်လှပ်ပေးပါ။
(၁၁) အပေါ်အောက် သမအောင်မွှေနှောက်လှန်ပေးပါက ပိုကောင်းပါသည်။
(၁၂) ၃-၄ လခန့်အကြာတွင် ကောင်းစွာဆွေးမြေ့သော သစ်ဆွေးမြေသြဇာကိုရရှိသည်။
မှတ်ချက် - မြေဆီလွှာ၏အာဟာရဓါတ် အခြေအနေပေါ်မူတည်၍ တစ်ဧကလျှင်(၁၀ မှ ၄၀ တန်) နှုန်းထည့်သွင်းပါ။
Credit. စိုက်ပျိုးရေးဦးစီးဌာန
ဒီအားဆေးရည်လေးတွေ ကိုယ်တိုင်လုပ်ပြီးသုံးကြည့်ပါနော်
အားဆေးရည်လုပ်တဲ့အခါ N P Kတစ်ခုချင်းစီအတွက် သီးသန့်ခွဲပြီးလုပ်စေချင်ပါတယ်။
အပင်ရဲ့လိုအပ်ချက်အပေါ်မှာ ထိထိရောက်ရောက် အာဟာရ ပေးနိုင်ဖို့လိုပါတယ်။
Nitrogen, Phosphorus, Potassium NPKအားဆေးရည်တွေလုပ်ကြပါစို့
ချစ်သောမိတ်ဆွေများတို့ရေ
#nitrogen Nအတွက်အားဆေးရည်လုပ်ကြရအောင်
#မိမိပါတ်ဝန်းကျင် စိုက်ခင်းမှာရှိတဲ့ အစိမ်းရောင်အရွက်မျိုးစုံအောင်ခူးလိုက်ပါ။တမာ ယူကလစ် စပါးလင်လိုပိုးနှင်နိုင်တဲ့အရွက်တွေတော့ မခူးနဲ့နော်။စျေးကကန်စွန်းရွက် ဟင်းနုနွယ် မုန်လာရွက် ကိုက်လန် ဂေါ်ဖီ တွေလည်း သုံးလို့ရပါတယ်။
ရလာတဲ့အရွက်တွေကိုပါးပါးလှီးပါ။တစ်ပိသာ တစ်ကီလိုဂရမ်စသဖြင့် ကိုယ်လုပ်နိုင်သမျှပေါ့။
#မလုပ်ခင်မှာ ထညက်ညိုရည်ပြစ်ပြစ်ကြိုပြီး အအေးခံထားရမယ်။
#အရွက်စုံကတစ်ပိသာဆို ထညက်ကြိုရည်ကတစ်ပိသာပေါ့။
#ပါးပါးလှီးထားတဲ့အရွက်တွေကိုပလပ်စတစ်ဗူး /စဉ့်အိုးထဲကိုထည့်ပါ။အပေါ်ကထညက်ညိုပြစ်ပြစ်ကိုလောင်းထည့်လိုက်ပါ။ပြီးရင် စက္ကူ ထူထူနဲ့အပေါ်ကအုပ်ပြီး သားရေပါတ်နဲ့ချည် အေးပြီးခြောက်သွေ့တဲ့နေရာမှာထားပါ။
**Phosphorus Pအတွက်အားဆေးရည်လုပ်ကြရအောင်**
#ကြက်ဥခွံဆယ်ခုလောက်ကိုအမှုန့်ဖြစ်အောင်ကြိတ်/ထောင်းပါ။အမှုန့်တွေကိုပန်းကန်ထဲထည့်ပြီး သံပုရာသီးတစ်လုံးညှစ်ထည့် ဇွန်းနဲ့မွှေ နာရီဝက်ထားလိုက်ပါ။
#ပဲသီးတောင့် ငှက်ပျောဖူးထဲကငှက်ပျောခိုင်သေးသေးလေးတွေမှာPhosphrousဓာတ်တွေပါတယ်။ပါးပါးလှီး ခုနကလိုပလပ်စတစ်ဗူးထဲထည့် ကြက်ဥခွံမှုန့်ဖျော်ထားတာထည့်ပြီးမွှေပေး ထညက်ပြစ်ရည် ထည့် အချိန်ဆတူပေါ့။
#ကျန်တာက Nအတွက်လုပ်ခဲ့သလိုဆက်လုပ်ပေးနော်။
**Potassium Kအတွက်အားဆေးရည်လုပ်ကြရအောင်
#တစ်ပိသာလုပ်မယ်ဆို ငှက်ပျောသီးကသုံးပုံတစ်ပုံပါရမယ်။နီဝါရောင်သစ်သီးစုံရော ပါးပါးလှီး ပုံးထဲထည့် ထညက်ပြစ်ရည်ထည့် ကျန်တာဆက်လုပ်
#ဒါဆို NPKသုံးမျိုးစလုံးအတွက်ပြီးပြီ။
**နှစ်ပါတ်ကြာတဲ့အခါ ဇကာနဲ့စစ် အဖတ်တွေကိုလက်နဲ့အရည်ညှစ်ထုတ် တစ်မျိုးစီကိုသီးသန့်စစ်ယူပြီး ခြောက်လထားသုံးနိုင်ပါတယ်။ ဗူးတွေခွဲမှတ်ထားပါ။ညှစ်ထားတဲ့အဖတ်တွေကို မြေသြဇာလုပ်တဲ့အထဲ ထည့်လိုက်ပါ။
#မှတ်ချက်ပါဝင်ပစ္စည်းများ အရွက်/အသီးများ အချိုရည်ကို ပုံးထဲထည့်ပြီး ပလပ်စတစ်ဇကာကွက်ကို ပုံးနဲ့တိုင်းညှပ်ပြီး အပေါ်ကထည့်ပါ။ကျောက်တုံးကြီးကြီးကိုရေဆေးပြီး အပေါ်ကဖိထည့်ပါ။
အဆီအနှစ်ထုပ်ယူလိုက်တဲ့သဘောပါ။
ရေမရောရပါဘူး။
မှိုတက်ခြင်းလဲ မရှိပါဘူး။
#အချိုးကတော့ ထမင်းစားတစ်ဇွန်းနဲ့ရေတစ်ဂါလံရောဖြန်းပါ။
#သင့်စိုက်ခင်း အပင်များအတွက် အောငိမြင်ကြီးထွားတဲ့ သီးနှံပန်းဟင်းရွက်တွေဖြစ်ထွန်းပြီး
#သင့်မိသားစု မိတ်ဆွေ စားသုံးသူတွေကို ဘေးကင်းလတ်ဆတ် အဟာရပြည့်တဲ့အစားအစာတွေကိုဂုဏ်ယူစွာနဲ့ကျွေးလိုက်ကြပါရှင်။