စပျစ်ပင်၏ရေလိုအပ်ချက်နှင့် ရေပေးစနစ်
စပျစ်ပင်သည်မြေဆီလွှာအစိုဓာတ် များလွန်းခြင်း နှင့် ရေဓာတ်မလုံလောက်ခြင်းတွေရှိပါက အပင်ဖြစ်ထွန်းမှုအားနည်းခြင်းနှင့် အဟာရဓာတ်ဆုံးရှုံးမှု တွေများစွာရှိနိုင်သည်။
စပျစ်ပင်သည်မြေဆီလွှာအစိုဓာတ်( ၄၀%)မှ (၈၀%) ကြားထိန်းညှိပေးရသည်။မြေဆီလွှာအစိုဓာတ် (၈၀%) အထက်ကျော်လွန်နေသည့်ကာလ ကြာရှည်ပါက အမြစ်အစာကြောဆဲလ်များ ပျက်စီးနိုင်ပြီး အပင်ကိုထိခိုက်စေ နိုင်သည်။
မြေဆီလွှာအစိုဓာတ် (၄၀%) အောက်ကျစင်းပါကလည်း စပျစ်ပင်အမြစ်များမှ အစာအဟာရကို ကောင်းစွာမစုပ်ယူနိုင်တော့ဘဲ အပင်ဖြစ်ထွန်းမှုကို အားနည်းစေနိုင်သည်။
စိုက်ခါစအပင်ငယ်များသည် ရေလိုအပ်ချက်ပိုမိုများပြားသည်။စိုက်သည့်အချိန်သည် ပွင့်လင်းခြောက်သွေ့ရာသီ(ဒီဇင်ဘာလမှ မတ်လအတွင်း ) ဖြစ်သည့်အတွက် အပင်ငယ်ကြီးထွားမှုအားယူချိန် သည် အပူချိန်မြင့်တက်လာသည့်ကာလဖြစ်သည်။ ထို့ကြောင့် ရေကို (၆၀% )မှ(၈၀%) ကြားပေးရန်လိုအပ်သည်။
ရေပေးသွင်းရာတွင်လည်း မည်သည့်ရေပေးစနစ်ကို အသုံးပြုသည်ဖြစ်စေ စပျစ်ပင်အမြစ်ဖြန့်ကျက်ရာ ဧရီယာ အားလုံးကို ရေလုံလောက်စွာရောက်ရှိဖို့လိုအပ်သည်။
အစာကျွေးရာတွင်ပိုမိုအထူးဂရုစိုက်ဖို့လိုအပ်သည်။ မိမိကျွေးပေးသည့်အစာအဟာရများကို စပျစ်ပင်မှ ရာနှုန်းပြည့်စားသုံးနိုင်ဖို့ မဖြစ်နိုင်ပေမယ့် ရာနှုန်းမြင့်မြင့် စားသုံးနိုင်ရန် ရေကိုလုံလောက်စွာပေးရမည်။
အစာကိုမြေပြင်မှာကျဲပက် စနစ်ဖြင့်ကျွေးသူများသည် ရေပေးသွင်းခြင်းကို ပိုမို ဂရုစိုက်ရသည်။မိမိကျဲပက်ထားသည့် မြေဆီဩဇာများသည် မြေပြင်အစိုဓာတ်မလုံလောက်ပါက လေလွင့်ဆုံးရှုံးမှု ပိုများနိုင်သည်။
အစာကျွေးချိန်တွင် အစာကျွေးသည့်အချိန်ရေပေးသွင်းခြင်းနှင့် ဒုတိယအကြိမ်ရေပေးခြင်းကြားတွင် ပုံမှန်ရေပေးခြင်းများထက် ရက်နာရီကြာချိန်ကို အနည်းဆုံးအနီး ဆုံးဖြစ်အောင်ပေးသွင်းပေးသင့်သည်။
ထိုအချိန်မှာ မြေဆီလွှာအစိုဓာတ်သည် (၆၀%) နှင့် (၈၀%) ကြားရှိနေသင့်သည်။
စိုက်ခါစအပင်ငယ်များကို အပင်ကြီးထွားမှုအားကောင်းမြင့်တက်လာသည်နှင့်အမျှ စပျစ်ပင်အမြစ်သည် ဘေးဘက်သို့ပိုမိုဖြန်းကျက်လာသည့် အတွက် ရေးပေးဧရီယာကို အပင်ခြေမှ ဘေးဘက်သို့ (1မီတာမှ 2မီတာ)အထိ ချဲ့ဖြန့်သွင်းပေးသင့်သည်။
စပျစ်ပင်ရာသီသီး သီးကိုင်းဖြတ်ချိန်တွင် မြေဆီလွှာအစိုဓာတ် (၆၀%မှ ၄၀%) အထိလျော့ချနိုင်သည်။ထိုအချိန်တွင် အပင်သည် အရွက်များမရှိသေးသည့်အတွက် ရေအသုံးချမှုနည်းသည့်ကာလဖြစ်သည်။
အညွန့်အဖူးများထွက်စအရွယ်တွင် ရေများများပေးသွင်းခြင်းသည်လည်း စပျစ်ပင်အဖူးသန္ဓေများကို (သားပူးသားကပ်) ကပ်စေသည်။
ထိုအချိန်တွင်အပင်အဟာရလုံလောက်အားကောင်းနေဖို့လိုအပ်သည်။စပျစ်ပင်သီးကိုင်း သည်(၇လသား) အထက်ရှိဖို့လိုအပ်သလို အဟာရဓာတ်လုံလောက်ပြည့်ဝနေဖို့လည်းလိုအပ်သည်။
စပျစ်အဖူးခိုင်လေးများ သိသာထင်ရှားစွာမြင်ရ ချိန်တွင် ရေကို (၆၀%မှ၈၀%) အထိလုံလောက်စွာ ပေးရသည်။
ထိုအချိန်မှစ၍ စပျစ်အဖူးခိုင်များ သီးလုံးကူးချိန် အသီးကြီးအားယူချိန် များမှ အသီးဖယောင်းသားတက်ချိန်အထိ ရေကို (၆၀%မှ ၈၀%) အထိလုံလောက်စွာပေးသွင်းနိုင်မှ အသီးကြီးထွားမှု အသီးအရည်အသွေးကောင်းမွန်စွာရရှိမည်။
အသီးရင့်မှည့်စပြုချိန်တွင် အသီးအချိုဓာတ် တက်စေရန် မြေဆီလွှာရေအစိုဓာတ်( ၆၀%မှ၄၀%) အထိလျော့ချပေးရသည်။
သို့မှသာ အသီးအချိုဓာတ် တက်လာကာအဟာပြည့်စုံသည့် စပျစ်သီးအမှည့်ကိုရရှိမည်ဖြစ်သည်။
အသီးခူးပြီး အပင်အနားပေးသည့်ကာလပြီးဆုံးပါက နောက်နှစ်ရာသီအတွက် ကိုင်းသစ်ချိုင် သီးကိုင်းသစ်မွေးမြူခြင်းကို မတ်လမှ ဧပယ်လအတွင်း အကောင်းဆုံးလုပ်ဆောင်နိုင်သည်။
ထိုထက်နောက်ကျပါက စပျစ်အသီးကိုင်းအောင်မြင်မှု သည် ရာသီဥတု၏ကမောက်ကမဖြစ်မှုဒဏ်ကိုခံရ နိုင်သည်။
နောက်အကျဆုံး မေလ နောက်ဆုံးအပတ်ခန့်ထိသာ ပြုလုပ်သင့်သည်။ထိုထက်နောက်ကျပါက သီကိုင်းအောင်မြင်နိုင်ခြေနည်းသွားသည်။
သီးကိုင်းမွေးချိန်မှ သီးကိုင်းပုံသွင်းချိန်ကာလသည် ရေလိုအပ်ချက်ပိုမိုများပြားသည်။
သီးကိုင်းမွေး ရန်ကိုင်းဖြတ်သည့်အချိန်မှ စ၍ မြေဆီလွှာအစိုဓာတ်ကို (၆၀%မှ (၈၀%) အတွင်းရှိမှသာ စပျစ်ပင်အစာရေလည်ပတ်မှုအားကောင်းပြီး သီးကိုင်းအောင်မြင်မှုမြင့်မားနိုင်သည်။
စပျစ်ပင်သီးကိုင်း အောင်ကိုင်းများညီညာစွာ ရရှိပြီဆိုပါက ရေကို ၆၀% ခန့် ထိန်းပေးနိုင်လျှင် အဆင်ပြေနိုင်သည်။
