ငါးဘတ်ဆီပြန်
*************
ဒီနေ့တော့ ငါးဘတ်ကို ခရမ်းချဉ်သီးနိုင်နိုင်နဲ့ ဆီပြန်ချက်နည်းလေးတင်ပေးလိုက်ပါတယ်နော်။
အရမ်းကို ထမင်းမြိန်သောငါးဟင်းတခွက်ပါ။
ဟင်းစချက်တော့မယ်ဆိုရင်
ငါးဘတ်ကို စင်နေအောင်ဆေး၊ဓါးထက်ထက်နဲ့ အရွယ်သင့်သင့်အတုံးလေးတွေ တုံးပြီး
ငံပြာရည်၊ဟင်းခပ်မှုန့်၊ နနွင်း များများလေးနဲ့နယ်ထားပါတယ်။
ကြက်သွန်နီ ပါးပါးလှီး၊ ကြက်သွန်ဖြူ ခြစ်၊ ခရမ်းချဉ်သီး ပါးပါးလှီးပြီး
ကြက်သွန်ဖြူ,နီ, ငရုတ်သီးစိမ်းမှုန့်လေး ဆီသပ် ခရမ်းချဉ်သီးထည့် လိပ်ပြီး အစိမ်းနံ့ပျောက်တဲ့ထိ လှိမ့်ပြီး သန့်စင်ထားတဲ့ငါးဘတ်နဲ့ ဂျင်းထောင်း ထည့်မွှေ၊ လုံးပြီး ရေနွေးပူထည့်ပါတယ်။
စပ်စပ်လေးကြိုက်လို့ ငရုတ်သီးအစိမ်းတောင့်ပါ ညှပ်ထည့်ပါတယ်။
အနံ့မွှေးမွှေးလေးရချင်လို့ ရှမ်းနံနံပင်အုပ်၊ ခနမွှေ၊ အိုးချပြီး ဒင်နာစပါယ်ရှယ်ကြိတ်😬လိုက်ပါပြီရှင်။

image