ငါးဖယ်ကို အိအိတုံတုံလေးဖြစ်အောင် ကြော်နည်း 🤗
အရမ်းဟင်းချက်ဝါသနာ ပါသလို ငါးဖယ်အရမ်းကြိုက်တာမို့ ငါးဖယ်ကို အခုလို အိတုံတုံ အချောင်းလေးတွေ၊ ဒိုးပြားဝိုင်းလေးတွေ၊ အဆုပ်အဆုပ်လေးတွေ ပုံစံအမျိုးမျိုး အရသာအမျိုးမျိုး ကြော်စား ချက်စား သုပ်စားအမျိုးမျိုးလုပ်စားဖြစ်ပါတယ်။
ငါးဖယ်သားလေးတွေအိတုံပြီးပျော့ပျော့စေးစေးနဲ့သိပ်သိပ်လေးဖြစ်အောင်ကြော်ထားတာကို အကြိုက်ဆုံးပါ။
ကြော်နည်းကလည်း လွယ်ပါတယ်ရှင်။
ငါးဖယ်ထဲကို ရေကို ရေနွေးကြမ်းပန်းကန်ဝက်လောက်
ဆားနဲ့ရသာမှုန့်လက်ဖက်ရည်တစ်ဇွန်းစီထည့် နယ်ပါတယ်။ ရေထည့်နယ်တာမို့ ငါးဖယ်အသားတွေကွဲထွက်ပါတယ်။ စေးပိုင်လာတဲ့ထိ နယ်ပါပေါက်ပါတယ်ရှင်
ငါးဖယ်လေးတွေကို အခုလိုအချောင်းပုံလေးတွေဆုပ်ပါတယ်
ဒယ်အိုးထဲ ဆီထည့်၊ ငါးဖယ်ထည့်
ဂျင်းနဲ့ကြက်သွန်ဖြူကိုထောင်းပြီး အရည်ညှစ်ထည့်ပါတယ်။
အခုလို အိတုံတုံ စေးစေးသိပ်သိပ်လေးရဖို့ သတိထားရမှာက မီးအေးအေးနဲ့ ဖြေးဖြေး ကြော်ပေးတာပါ။
ဘာပဲကြော်ကြော် မီးပြင်းပြင်းနဲ့ကြော်ရင် အတွင်းသားပျော့လည်း အပေါ်ယံ မာခြောက်ခြောက်သွားတာမို့ သတိထားစေချင်ပါတယ်ရှင်။
