4 ပတ် - ဘာသာပြန်ပါ။

Online Sales မှတ်ပုံတင်လက်မှတ် လျှောက်ထားမှု ၂၁,၀၀၀ ကျော်ရှိ
********************
(စီးပွားရေး) ဇွန်လ ၁၈
Online Sales လုပ်ငန်းများ မှတ်ပုံတင်လက်မှတ် လျှောက်ထားမှုအဖြစ် ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂ ရက် မှ ၂၀၂၅ ခုနှစ်ဇွန်လ ၉ ရက်အထိ ၁ နှစ် ၈ လအတွင်း မှတ်ပုံတင်အစောင်ရေ ၂၁,၁၈၈ စောင်ရှိပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရပါတယ်။

e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို ပထမအဆင့်အနေနဲ့ ကုန်သွယ်ရေးဦးစီးဌာနမှ စာရွက်စာတမ်းပါမှ အချက်အလက်များကို စစ်ဆေးခြင်းနှင့်ဒုတိယအဆင့်အနေနဲ့ စားသုံးသူရေးရာ ဦးစီးဌာနမှ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးထားပါတယ်။

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအတွက် လုပ်ငန်းမှတ်ပုံတင် လက်မှတ်များအား စားသုံးသူများကို အကာကွယ်ပေးရန်နှင့် e-commerce လုပ်ငန်းများဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်ကာ အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး ခွင့်ပြုထုတ်ပေးနေတာဖြစ်ကြောင်းလည်း သိရပါတယ်။

မှတ်ပုံတင်ကြေးနှုန်းထား များအဖြစ် ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၇၀,၀၀၀၊ SME လုပ်ငန်းဆိုင်ရာ အသိအမှတ်ပြု ထားတဲ့ အထောက်အထား တစ်ခုခုပါရှိတဲ့ ကုမ္ပဏီ(သို့မဟုတ်)စီးပွားရေးအဖွဲ့အစည်းဖြစ်ပါက ကျပ် ၅၀,၀၀၀ နှင့်လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်ပါက ကျပ် ၃၀,၀၀၀ ကောက်ခံသွားမှာဖြစ်ပြီး Online Sales လုပ်ငန်းများ မှတ်ပုံတင်လက်မှတ်ရရှိပါ က သက်တမ်းအားဖြင့် ၂ နှစ် သတ်မှတ်ကာ ရောင်းချခွင့်ပြုထားတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက သိရပါတယ်။

image