နှစ်တွေအကြာကြီး “သူတိုနှစ်ယောက်က ချစ်သူတွေပါ”လို သိထားပေမယ့်
မင်္ဂလာဆောင်ဖိတ်စာကျ သတိုသား၊ သတိုသမီးနာမည်မှာ တခြားလူနာမည်ဖြစ်နေတာမျိုး တွေ့ခဲ့ဖူးတယ်။
ပြန်စဉ်းစားကြည့်တော့ ဘဝကို ဘယ်သူနဲ့ စ မလဲ ဆိုတာထက်
ဘဝကို ဘယ်သူနဲ့ ဆုံး မလဲ၊ နောက်ဆုံးအချိန်ထိ ကိုယ့်အနားမှာ ထွက်ခွါမသွားပဲ ဘယ်သူကရှိနေမလဲ ဆိုတာကိုပဲ ရွေးချယ်ရတာထင်တယ်။
၁၀ နှစ်တွဲပြီး လက်ထပ်ယူဖို စိတ်မကူးတဲ့သူရှိသလို၊ ၁ လတွဲပြီး ရွှေလက်ဆွဲချင်သူတွေလဲ ရှိတာပဲလေ။
အရေးကြီးတာက မင်္ဂလာဆောင်ဖိတ်စာထဲကသူဟာ ကိုယ့်ကိုလိုအပ်သူ၊ လိုချင်သူ၊ ပိုင်ဆိုင်ချင်သူဖြစ်ဖိုပဲ လိုတယ်။
