4 ပတ် - ဘာသာပြန်ပါ။

မောင်နှမဆိုတာ ကမ္ဘာမြေကြီးကပေးလိုက်တဲ့ အခိုင်မာဆုံး သံယောဇဉ်ကြိုးတစ်ချောင်းပါ။
တစ်ခါတစ်လေ မိဘကိုတူတူဆိုးကြတာရှိမယ်
တစ်ခါတစ်လေ တူတူလိမ္မာကြတာလဲရှိပါတယ်
အကိုကြီးအဖရာ၊အမကြီးအမိရာ ဆိုသလို
မုန့်လေးဘာလေးစားရရင် ငါ့ညီ၊ငါ့ညီမအတွက် ထားထားကြတာ ရှိလိမ့်မယ်။
အငယ်တွေကလဲ ကိုယ့်အကိုကြီး၊အမကြီးတွေကို အားကိုးကြပါတယ်။ ပြဿနာတစ်ခုခုဖြစ်ခဲ့ရင် အရင်တိုင်ပင်တာ ကိုယ့်အကို၊အမတွေကိုပါ။
တစ်ခါတစ်လေ အငယ်တွေကပြန်ပြီးဦးဆောင်ကြတာရှိတယ်။ ဒါပေမယ့် သူတို့အကိုကြီး၊အမကြီးတွေကိုမမေ့ပါဘူး။
တစ်ခါတစ်လေရန်ဖြစ်ကြမယ်။
ပြီးရင် ပြန်ချစ်ကြမယ်။
အကြီးတွေကလဲအငယ်တွေကိုလမ်းပြပေးသလို အငယ်တွေကလဲ ရင်ဖွင့်စရာရှိရင်ရင်ဖွင့်ကြတယ်။
ကိုယ်က ဘာကြီးပဲဖြစ်နေပါစေ ကိုယ့်အကိုအမရှေ့ရောက်ရင် ကလေးလေးပါပဲ။
တစ်ခါတစ်လေ ကိုယ့်အတွက် သူတို့က ရှေ့ဆုံးကနေ ဂုဏ်ယူတတ်ကြတယ်။
တစ်ခါတစ်လေ ကိုယ်ကသူတို့အတွက်
ရှေ့ဆုံးကနေ ဂုဏ်ယူနေရတယ်။
မိဘတွေမရှိတော့တဲ့အခါ ကိုယ်ဒုက္ခရောက်လို့
မရှိ၊ရှိတာလေးနဲ့ ကူညီပေးတာ မောင်နှမဆိုတဲ့သံယောဇဉ် ကြိုးလေးကြောင့်ပါ။
ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။အဖေ၊အမေပြီးရင် ဘယ်သူ့ကို အချစ်ဆုံးလဲလို့။
ပါးစပ်ကနေ ထုတ်မပြောရင်တောင်
စိတ်ထဲကနေ ကိုယ်မသိပဲ ချစ်မိနေပါလိမ့်မယ်။
ဘာလို့ဆို လောကကြီးက
သံယောဇဉ်ဆိုတဲ့ကြိုးလေးတစ်ချောင်းကို
မွေးလာကတည်းက ချည်နှောင်ထားလို့ပေါ့
လောကမှာရှိတဲ့မောင်နှမတိုင်းချစ်နိုင်ကြပါစေ...

image