3 ပတ် - ဘာသာပြန်ပါ။

မမ ပုလဲကို စဆုံးကြည့်ချင်ရင်ဒီလိုလေးအစီလိုက်ကြည့်ပေးပါ ❤️

ဘယ်ဟာအရင်စကြည့်ရမလဲဆိုရင် Pearl » X » MaXXXine Ttrilogy

ဇာတ်အိမ်ကိုတော့ 1970 ခုနှစ် အမေရိကန်နိုင်ငံရဲ့ ရှေးရိုးစွဲနဲ့ခေတ်သစ်အတွေးအခေါ်တော်လှန်ရေးတွေစတင်နေတဲ့ကာလတစ်ခုကိုအခြေတည်ထားပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရရင်တော့ သရုပ်ဆောင်ကောင်းတွေ ကင်မရာသမားကောင်းတွေရှိပေမယ့် နာမည်သိပ်မရသေးတဲ့ အပြာကားထုတ်လုပ်ရေးအဖွဲတစ်ဖွဲဟာ ဒီတစ်ခါတော့ပေါက်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ဇာတ်လမ်းအသစ်တစ်ပုဒ်ဖန်တီးပြီး ရိုက်ကူးရေးစဖို ကျေးလက်ဒေသတစ်ခုကအိမ်တစ်အိမ်ကိုငှားရမ်းလိုက်ပါတယ်။

အစပိုင်းမှာတော့အစစအရာရာ အဆင်ပြေချောမွေ့နေပေမယ့် ဒီလိုရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း လူသူကင်းမဲ့နေတဲ့ကျေးလက်ကအိမ်ကြီးတစ်လုံးကိုရောက်နေတဲ့လူတစ်စုက အေးအေးချမ်းချမ်းနဲ့လုပ်စရာရှိတာလုပ်ပြီး ပြန်သွားတယ်ဆိုတာမျိုးမဟုတ်မှာတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။

အဓိကဇာတ်ကောင်တွေကိုက အပြာကားရိုက်ကူးရေးအဖွဲဆိုတော့ အရှင်းကြီးဖော်ချွတ်တာမျိုးတွေနဲ့ 18+ ဇာတ်ဝင်ခန်းတွေဖောဖောသီသီပါဝင်တဲ့အပြင် သွေးထွက်သံယိုအခန်းတွေကလည်းသာမန်ထက်ကြမ်းတဲ့အတွက် အသည်းငယ်တဲ့သူတွေ၊ မိသားစုနဲ့ကြည့်ရှုမယ့်သူတွေအတွက်မသင့်တော်ပါဘူး။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/905

image