iOS 26 မှာ အသံဖိုင်တွေကို Ringtone တစ်ခါတည်း တန်းထားလို့ရတဲ့ Feature ပါဝင်လာပါပြီ
Apple နည်းအတိုင်း သုံးရတော့လွယ်ကူပါတယ် Ringtone ထားချင်တဲ့ အသံဖိုင်ကို Long Press ထားပြီး Share ကိုနှိပ် ပြီးရင် “Set As Ringtone” ဆိုတာကို နှိပ်ပေးလိုက်ရုံပါပဲ
ဒါဆိုရင်တော့ iPhone Ringtone ကို ကိုယ့်စိတ်ကြိုက် အသံ ထားနိုင်သွားမှာပါ
အရင်ကဆိုရင် GarageBand လို Software ကို Download ဆွဲပြီး အဆင့်ဆင့် အလုပ်ရှုပ်ရှုပ် လုပ်ခဲ့ရတာဖြစ်ပါတယ် Apple က သုံးစွဲသူတွေ ပိုအဆင်ပြေစေဖို့ Liquid Glass Design အပြင် အခုလို Ringtone ကို လွယ်လွယ်ထားလို့ရတဲ့ စနစ်ကိုပါ iOS 26 မှာထည့်ပေးလာတာဖြစ်ပါတယ်
iOS 18 တုန်းကလည်း Apple Intelligence စနစ်နဲ့အတူ Call Recorder လိုစနစ် ၊ iPhone 14 Pro မှာ Always on Display စနစ်တွေကို ထည့်ပေးခဲ့တဲ့ သာဓက တွေရှိဖူးပါတယ်
