3 w - Translate

ကြွက်သားနှင့် ခုခံအားစနစ်၏ ဆက်နွယ်မှု- သိပ္ပံနည်းကျ အချက်အလက်များ
ကြွက်သား လုပ်ဆောင်ချက်များ-
- Anti-inflammatory myokines များ ထုတ်လွှတ်သည်
- ရောင်ရမ်းမှု နည်းပါးစေသည်
- T-cell လုပ်ဆောင်မှု တိုးတက်စေသည်
- ခုခံအား တုံ့ပြန်မှု မြန်ဆန်စေသည်
- ပြန်လည်ကုစားမှု ပိုမိုကောင်းမွန်စေသည်
ဝမ်းဗိုက်အဆီ (Visceral Fat) လုပ်ဆောင်ချက်
- Pro-inflammatory cytokines များ ထုတ်လွှတ်သည်
- ရောင်ရမ်းမှု တိုးပွားစေသည်
(ဝလို့လှတယ်ထင်ရင် ဒါလေးပြန်ဖတ်)
သုတေသန ရလဒ်များ
ကြွက်သားများပြားပြီး အဆီနည်းသော လူများတွင်
- ဆေးရုံတက်ရခြေ 2.26 ဆ နည်းပါးသည်
- ICU ဝင်ရခြေ 1.73 ဆ နည်းပါးသည်
- သေဆုံးနိုင်ခြေ 2.5 ဆ နည်းပါးသည်
- ရောဂါဖြစ်ခြေ လျှော့ချခြင်း
- ပြန်လည်ကုစားမှု မြန်ဆန်ခြင်း
- အိုမင်းခြင်း နှေးကွေးစေခြင်း
- သက်တမ်းရှည်ခြင်းဒါတွေလိုချင်ရင်
- ကြွက်သား တည်ဆောက်(muscle building)လုပ်ပါ
- ဝမ်းဗိုက်အဆီ လျှော့ချခြင်း(ဝိတ်ချ/အဆီချ)
ရိုးရိုး fitness အကြံပြုချက်မဟုတ်တဲ့
ကျန်းမာရေးအယူအဆတွေပါ။
ဒါလေးတွေက ကျွန်တော်အမြဲပြောနေတဲ့
ရိုးရှင်းအောင် simplify လုပ်ထားတဲ့ သဘောတရားတွေပါပဲ။
ဒီတော့ဗျာ၊ လေရှု၊ရေသောက်၊လမ်းပိုလျှောက်
ဝိတ်မ၊အသားတိုးစား၊အိပ်ရေးဝဝအိပ် ဆိုတာကလေ
လှပမှုအတွက်သက်သက်မဟုတ်ပါ။