4 w - Translate

Vampire Cleanup Department (2017)

IMDb – 5.7/10_Rotten – 80%

ဟောင်ကောင်မှာ နေထိုင်ကျက်စားနေတဲ့ သွေး စုပ်ဖုတ်ကောင်တွေကို နှိမ်နင်းတဲ့အဖွဲအကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ ဟောင်ကောင်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာဖြစ်ပြီး ဒါတွေကို အဓိကနှိမ်နင်းတဲ့ ဗီစီဒီ (Vampire Cleanup Department)လိုခေါ်တဲ့ ဌာနတစ်ခုရှိပါတယ်။

အဲဒီအဖွဲဟာ ညဉ့်နက်သန်းခေါင်မှာ တံမြက်စည်းလှည်းတဲ့ အဖွဲအနေနဲ့ ထွက်လာပြီး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင်တွေကိုဖမ်းပြီး အမှိက်ပုံးကြီးထဲထည့်ကာ သိမ်းဆည်းနှိမ်နင်းပစ်တာဖြစ်ပါတယ်။

တစ်ရက်မှာတော့ တင်မ်ချန်းဟာ သွေးစုပ်ကောင်တစ်ကောင်နဲ့ဆုံပြီး အသတ်ခံရလုဆဲဆဲမှာ ဗီစီဒီအဖွဲက အချိန်မီကယ်ဆယ်ခဲ့ပါတယ်။ တင်မ်မှာ သွေးစုပ်ကောင်တွေရဲ့ အဆိပ်ကို တွန်းကန်နိုင်တဲ့ ကိုယ်ခံစွမ်းအားရှိနေ တယ်ဆိုတာ ဗီစီဒီအဖွဲရဲ့ အကြံပေးအန်ကယ်ချန်က သတိထားမိပါတယ်။

ဒါနဲ့ပဲ ဗီစီဒီအဖွဲက ကပ္ပတိန်ချူ၊ သရဲဆရာဂျင်ဂျာ၊ နည်းပညာကျွမ်းကျင်သူအမ်၊ လက်နက်ကျွမ်းကျင်သူ ကွေတိုကို တင်မ်ရဲ့အကြောင်း ပြောပြပြီး ဗီစီဒီအဖွဲရဲ့ မျိုးဆက်သစ်အဖြစ် ပါဝင်စေဖို အန်ကယ်ချန်က အကြံပြုခဲ့ပါတယ်။

ဒီလိုနဲ့ တင်မ်တစ်ယောက် ဗန်ပိုင်းယားဖမ်းတဲ့အဖွဲဝင်အဖြစ် ပထမဆုံးတာဝန်ထမ်းဆောင်ချိန်မှာ အလွဲတွေကြုံရသလို သနားစရာ ဗန်ပိုင်းယားမလေး ဆန်းမားနဲ့ ဆုံခဲ့ပါတယ်။ ဆန်းမားဟာ သွေးစုပ်ဖုတ်ကောင်ဘုရင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဒုက္ခပေးမှုတွေ ကြုံနေရတာမို တင်မ်က ကယ်တင်နိုင်ဖို ကြိုးပမ်းရင်း ကြုံရမယ့် ထိတ်လန့်စရာ၊ ရယ်မောစရာတွေကို အက်ရှင်ပြကွက်တွေနဲ့အတူ ကြည့်ရမှာပါ။

ဒီဇာတ်ကားမှာ ပါဝင်ထား သူတွေက ပရိသတ်တွေနဲ့ ရင်းနှီး ပြီးသား သရုပ်ဆောင်ကြီးတွေ ဖြစ်တာကြောင့် မမြင်တာကြာတဲ့သူတွေကို ပြန်မြင်တွေ့ရဦးမှာမို ပရိသတ်တွေ သဘောကျမယ်ထင်ပါ တယ်။

☁️🪻ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+C0zsJ_mY5N82OWU1

🪻☁️ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/1915528492/10355

image