10 w - Translate

Run 2020

ဆေးပညာရပ်မှာ Munchausen Syndrome by Proxy (သို)
Munchausen By Proxy လို ခေါ်တဲ့ စိတ်ရောဂါ တစ်ခု ရှိပါတယ်။
အဲဒါကတော့ ကလေးအမေ သိုမဟုတ် သက်ကြီးရွယ်အိုတစ်ယောက်ကို
စောင့်ရှောက်နေရတဲ့ သူမျိုးမှာ ဖြစ်တတ်တဲ့ရောဂါပါ။
သူတိုစောင့်ရှောက်ရတဲ့ ကလေး သိုမဟုတ်လူကြီးကို
တကယ်မရှိတဲ့ ရောဂါလက္ခဏာတွေ ရှိတယ်လို ထင်အောင်လုပ်ပြီး
ဆေးရုံတွေတက်၊ ဆရာဝန်တွေ၊ သူနာပြုတွေ နဲ့ ပတ်ဝန်းကျင်ကလူတွေ
သနားတာ ဂရုစိုက်တာကို ခံချင်တဲ့ စိတ်ဝေဒနာမျိုးပါ။
ဒီလို ရောဂါရှင်တွေဟာ အများအားဖြင့် ဆေးပညာဗဟုသုတ ရှိတတ်ကြပြီး
လက္ခဏာတွေကို ယုံလောက်အောင် လိမ်ပြောတာတွေ၊ ဆေးစစ်ချက်တွေကို ပြောင်းတာတွေ၊
ပိုဆိုးလာရင် တကယ် ရောဂါလက္ခဏာတွေ ပေါ်လာအောင် နှိပ်စက်တာတွေပါ ရှိလာပါတယ်။
ဒီရုပ်ရှင်ကတော့ ဒီရောဂါကို အခြေခံပြီး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
ဒါပေမယ့် လှည့်ကွက်တွေရယ် ပိုပြီး ကြောက်စရာ ကောင်းတဲ့အချက်တွေရယ်
ပါဝင်တာမို အတော်လေး ကြည့်လိုကောင်းပါတယ်။
ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး။

👇ချန်နယ်လေး အရင် Join ပေးပါ

https://t.me/HaveFunMovies777

{{{{ ကြည့်ရှုရန် နှိပ်ပါ 👇 }}}}

https://t.me/HaveFunMovies777/1227

image