Small Town Mystery
ကျွန်တော်ကြည့်သမျှ ဇာတ်လမ်းတွဲတွေထဲမှာ သဘောအကျဆုံး ဇာတ်လမ်းပုံစံတွေထဲက တစ်မျိုးကတော့ Small Town Mystery ပါဘဲ။
မြို့ငယ်လေး ဒါမှမဟုတ် ရွာလေးတစ်ခုမှာ လျို့ဝှက်ဆန်းကြယ်တဲ့ အမှုတစ်ခုဖြစ်မယ်၊ ဇာတ်ဆောင်တွေက အဖြေထုတ်ရင်း မြို့လေးကျဉ်းပေမယ့် လျှို့ဝှက်ချက်တွေမကုန်တာ သိလာရမယ်၊ ဒါမျိုးဇာတ်လမ်း တွေကို small town mystery လို့ သတ်မှတ်တာ။
ဒီလိုplotအမျိုးအစားက အရမ်းbingeကြည့်လို့ကောင်းတယ်၊ ဇတ်လမ်းဇာတ်အိမ် ကျစ်လစ်ပြီး စိတ်ဝင်စားစရာအပြည့်ပါဘဲ။
အခုခေတ်လူကြည့်အများဆုံး small town mystery series ကတော့ Stranger Things လို့ ပြောလို့ရပါမယ်၊ သို့ပေမယ့်လဲ Stranger Things ရဲ့နောက်seasonတွေမှာ plot ကျယ်ပြန့်လာတာကြောင့် small town mystery ဆိုတဲ့ genre ကို ကျော်လွန်သွားပါပြီ။
Small Town Mystery ကို ကျွန်တော့်လိုမျိုး သဘောကျရင် အောက်က ဇာတ်လမ်းတွဲလေးတွေ ကြည့်ဖို့ အကြံပြုပါရစေ။ underrated ဖြစ်တာလေးတွေ ညွှန်းပေးတာပါ။
