10 ပတ် - ဘာသာပြန်ပါ။

ဒီနေ့မနက် ကြက်သားဟင်း
ခရမ်းသီးမီးဖုတ်ကြက်ဥကြော်
ငါးပြားလေးခြောက်ကြော်
ကန်စွန်းရွက်ချဥ်ရည်ဟင်းပါ
ကြက်သားတုံးထားတာကို
သန့်စင်ရေဆေးပြီးဗင်နီကာ
ဆားနနွင်းအချိုမှုန့် မဆလာ
မွှေးနဲနဲထည့်ကာနယ်နှပ်ထားပါ အိုးတလုံးမှာဆီချိန်ဆထည့်ပြီးကြက်သွန်နီစင်းလှီးထားတာ ချင်းကြက်သွန်ဖြူကြိတ်
ထားတာထည့်ပါ ပျဥ်တော်သိမ်ရွက်ထည့်ပါ အနံ့မွှေးလာအောင်ဆီသပ်ပါ နနွင်းမှုန့်
ငရုတ်သီးအစိမ်းမှုန့်ထည့်ပါ
မွှေပေးပါ ရေနဲနဲချင်းထည့်၍
အနှစ်ကျအောင်ဆီသပ်ပြီးကြက်သားနယ်ထားတာထည့်ပါ ဆားအချိုမှုန့်နဲနဲထပ်ထည့်ပါ ဆီပြန်လာအောင်မွှေပေးပါ
ဆီပြန်ရင်ရေမြုပ်အောင်ထည့်ပြီးအဖုံးပိတ်ကာအသားနူးဆီပြန်လာအောင်တည်ပါ
အရသာမြည်းကြည့်ပါ အနေတော်ဆိုရင်မဆလာဖြူးပါ ကြက်သားဟင်းရပါပြီ
ငါးပြားလေးခြောက်ကြော်က
ကျိုက္ခမီကညီမတွေယူလာပေးတာပါ ရန်ကုန်ကတော့
ငါးမြီးတံသွယ်လို့ခေါ်တယ်
ခရမ်းသီးကို Oven မှာမီး
ဖုတ်တာပါ ခရမ်းသီးကိုအခွံနွှာပြီး​ချေထားပါ အိုးတလုံးမှာ
ဆီသင့်ရုံထည့်ပြီးကြက်သွန်နီပါးပါးလှီးထားတာထည့်
နနွင်းမှုန့်နဲနဲထည့်ပြီးနီရောင်
သန်းလာအောင်ဆီသပ်ပါ
ခရမ်းသီးချေထားတာထည့်ပါ ငံပြာရည် ဆား အချိုမှုန့်နဲနဲ
ထည့်ပြီးမွှေပေးပါ ကြက်ဥတလုံးဖေါက်ထည့်ပြီးမွှေပေးပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ခရမ်းသီး
ကြက်ဥကြော်ရပါပြီ
ကန်စွန်ရွက်အစည်းလိုက်ကိုရေဆေးပြီးအရင်းပိုင်းဖြတ်ကာလှီးပါ ရေနှစ်ပြန်လောက်ဆေးပြီးအိုးတလုံးမှာထည့်ပါ ရေနဲနဲထည့်ပါ ကြက်သွန်နီတဥ
စင်းလှီးထည့်ပါ ငပိစိမ်းစား
ပုဇွန်ခြောက်မှုန့်ထည့်ပါ
ဆူအောင်တည်ထားပြီးကန်စွန်းရွက်နွမ်းရင်ရေထပ်
ထည့်ပါ ဆားအချိုမှုန့် ငံပြာရည်ထည့်ပါ မရမ်းပြားခြောက်ကိုရေဖျော်ပြီးထည့်ပါ ငရုတ်သီးစိမ်းကြက်သွန်ဖြူကို
ညက်ညက်ထောင်းပြီးထည့်ပါ
အရသာမြည်းကြည့်ပါ
အနေတော်ဆိုရင်ကန်စွန်းရွက်
ချဥ်ရည်ဟင်းရပါပြီ
စားကောင်းကြပါစေ

image