Alpha & Omega 2010
ကြည့်ဖူးသမျှ Animation ဇာတ်ကားတွေထဲ Underrated အဖြစ်ဆုံးလို အရင်ပြောပါရစေ။ animation ကစ ဇာတ်လမ်းအဆုံး အရမ်းကောင်းပါတယ်။
မျိုးနွယ်မတူတဲ့ ဝံပုလွေပေါက်လေးနှစ်ကောင်ရဲ့ စွန့်စားခန်းပဲဖြစ်ပါတယ်။ အယ်ဖာနဲ့ အိုမီဂါဆိုပြီး ခွဲခြားထားပြီး ဝံပုလွေမလေး ကိတ် ကတော့ ပိုပြီးအဆင့်မြင့်တဲ့ အယ်ဖာမျိုးနွယ်က ဆက်ခံသူပေါ့။ နောက်ပိုင်းစားကျက်မြေရှားပါလာတဲ့နဲ့အမျှ နယ်မြေတွေကြား ပေါင်းစည်းမှုရှိစေဖို အရှေ့ပိုင်း ဝံပုလွေတွေရဲ့ ဆက်ခံသူနဲ့ ဝံပုလွေမလေးတို လက်ထပ်ဖို ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာ ဝံပုလွေမလေးနဲ့ အိုမီဂါမျိုးရိုး ဝံပုလွေလေး ဟမ်ဖရေတိုဟာ လူသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ပြန်လမ်းမဲ့နေခဲ့ကြတာပေါ့။ ဝံပုလွေမလေး ကိတ် ပျောက်သွားတာမို ဒေသနှစ်ခု မတည့်ကြတော့ဘဲ စစ်ခင်းဖိုအထိ ဖြစ်လာခဲ့ကြပါတယ်။ အဲ့လိုနဲ့ ကိတ်ဟာ သူ့ဒေသဆီကို ဟမ်ဖရေနဲ့အတူ အိမ်ပြန်ဖို စွန့်စားခန်းဖွင့်ရပါတော့တယ်။ အိမ်ပြန်ရောက်တော့ ဘယ်အခြေအနေတွေ ဖြစ်နေမလဲ…? အရှေ့ဘက်ဝံပုလွေတိုရဲ့ ဆက်ခံသူနဲ့ လက်ထပ်ရမှာလား...? လမ်းခရီးမှာ ချစ်ကြိုးသွယ်ခဲ့တဲ့ ဟမ်ဖရေတစ်ယောက် အသည်းကွဲပြီး ကျန်ခဲ့မှာလား
ဇာတ်ကားကြည့်ရန် 🔽🔽🔽
https://t.me/smith224560/252
https://t.me/smith224560/252
