10 ပတ် - ဘာသာပြန်ပါ။

မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြိုနယ်တိုတွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် ငွေကျပ်သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲသည် ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က မင်္ဂလာတောင်ညွန့်မြိုနယ်၊ ရန်ကုန်ဘူတာကြီးရှေ့ တွင် သတင်းအရ မောင်အောင်သန်း(ခ)ကျော်သန်း၊ မောင်ကျော်နိုင်နှင့် သန်းလွင် တို့ ၃ ဦး သယ်ဆောင်လာသည့် စက္ကူဂျပ်ဖာပုံးအား စစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၄ သိန်း ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

ထို့‌နာက် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ရွှေပြည်သာမြိုနယ်၊ (၂၀)ရပ်ကွက်၊ မြောင်းမြ(၆)လမ်းရှိ ကျော်နိုင်၏ နေအိမ်အား ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ဆက်လက်ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၂ ဒသမ ၅ သိန်းထပ်မံဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် သိန်း ၆၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့ ၃ ဦးအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲမှ သတင်းရရှိသည်။

image