လေးစားထိုက်သူ
===========
တစ်ခါက မြတ်စွာဘုရားရှင်နဲ့ နောက်ပါ ရဟန်းငါရာတို့ဗိဗ္ဗိသာရမင်းကြီးရဲ့အင်ပါယာဖြစ်တဲ့ အင်္ဂတိုင်းမှာဒေသစာရီလှည့်လည်ရင်း စမ္ပာဆိုတဲ့ တိုက်နယ်မြို့လေးရောက်တဲ့အခါ အဲဒီမြို့ ကိုအပိုင်စား ရတဲ့ သောဏဒဏ္ဍ ဆိုတဲ့ ပုဏ္ဏားကြီးနဲ့ နောက်လိုက်နောက်ပါ လူပရိတ်သတ်တွေနှင့်တကွမြတ်စွာဘုရားကို ခရီးဦးကြိုဆို ကြပါတယ်။
ထိုသောဏဒဏ္ဍပုဏ္ဏားဟာလည်း သူအမျိုးသူ့ဇာတ်မှာဆို အခြံအရံပရိတ်များနဲ့ အလေးဂရု အပြုခံရတဲ့ ပုဂ္ဂိုလ်ပါ။ မြတ်စွာဘုရားရှင်အား ခရီးကြိုဆိုကာ မြတ်စွာဘုရားရှင်နှင့် စကားဆို နုတ်ဆက်တဲ့ အချိန်ကြတော့မြတ်စွာဘုရားရှင်ကအသင်ပုဏ္ဏားဘာများလျှောက်စရာရှိလည်းလို့လမ်းဖွင့်ပေး လိုက်တော့ဒီလူတွေဘုရား သူ့အနား ခြံရံကာ ပါလာတဲ့ သူတွေကို ညွှန်ပြကာ
လျှောက်ထားလေတော့သည်။ တပည့်တော် မြတ်စွာဘုရားရှင်ကိုမသွားသင့်ဘူးဟုပဲပြောကြပါတယ်။မြတ်စွာဘုရားရှင်ဘာအကြောင်းကြောင့်လည်းလို့ ပြန်မေးတော့…ဘာဖြစ် လို့မသွားသင့်သလဲဆိုရင်သောဏဒဏ္ဍပုဏ္ဏားဟာ
၁။ ရုပ်လည်းချောတယ်၊
၂။ ဗေဒင်သုံးပုံလည်းတက်တယ်၊
၃။ အမျိုးမြတ်တယ်၊
၄။ သီလလည်းရှိတယ်၊
၅။ ပညာလည်းတက်တယ်။
အရည်အချင်း(၅)ပါးရှိတဲ့ ဆရာပုဏ္ဏားကို ဘုရားဆီမသွားသင့်ဘူးတဲ့။ဂေါတမဗုဒ္ဓဆီသွားရင် ကိုယ့်ဂုဏ်သိက္ခာ ကျကုန်မယ် အဲဒီလိုအမျိုးဇာတ်ကိုခွဲခြားပြီတော့ဘုရားဆီမသွားနဲ့လို့ဝိုင်းတားတဲ့ကြားကနေတပည့်တော်မြတ်စွာဘုရားရှင်ထံအရောက်လာခဲ့တာပါဘုရား ။
အဲဒီလိုလျှောက်တော့ မြတ်စွာဘုရားရှင်က သင်ပုဏ္ဏား ပြောတဲ့ အချက်ငါးချက်ထဲက ပထမဆုံးရုပ်ချောပါတယ်ဆိုတာကိုဖယ်ထုက်လိုက်တဲ့ကျန်တဲ့အင်္ဂါလေးချက်နှင့်ပြည့်စုံနေရင်မလေးစားထိုက်ဘူးလား၊ပြောလိုက်တော့ လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက် သည်။ နံပါတ်သုံး အချက်ဖြစ်တဲ့ ဗေဒင်သုံးပုံ တာကိုရော ဖယ်ထားလိုက်ရင်။
လေးစားထိုက်သူဟု မဆိုထိုက်ဘူး လားလို့ မြတ်စွာဘုရားကမေးတော့၊လေးစားထိုက်နေကြောင်း ပုဏ္ဏားက ဖြေလိုက်သည်။
အဲဒီလောက်အထိတော့ပုဏ္ဏားနောက်ပါလာတဲ့အခြံအရံပရိတ်သက်များကဘာမှစောကဒ မပြကြသေးပေ။နောက်အမျိုးမြတ်တာကိုရော ဖယ်ထားလိုက်မယ်ဆိုရင် လေးစားထိုက် သူမဟုတ်ဘူးလားဆိုလိုက်တော့အိန္ဒိယနိုင်ငံရဲ့ အမျိုးဇာတ်ခွဲခြားမှုက ကြီးထွားနေတော့ စပ်စပ်ထိမခံနိုင်ကြတော့ပေ။ အဲဒီတော့မှ သောဏဒဏ္ဍပုဏ္ဏားကအမျိုးဇာတ်မြတ်ပေမယ့်သူများအသက်သတ်ဖြတ်နေရင်သားသတ်သမားဖြစ်နေမှာပေ့ါ။ သူများဥစ္စာခိုးနေမယ် သူများသားမယားကျူးလွန်ဖျက်စီးနေမယ်ဆိုရင် အမျိုးမြတ်သူလေးစားထိုက်သူဟု မဆိုနိုင် ဘူး၊ဒါ့ကြောင့်သီလနဲ့ပညာသာအရေးကြီးဆုံးပါလို့ ရှင်းပြလိုက်တော့မှ အားလုံး စောဒက မတက်လာတော့ပေ။
ဒီနှစ်မျိုးထဲထပ်လျှော့လို့ရသေးလားလို့မေးလိုက်တော့၊
“မလျှော့နိုင်တော့ပါဘုရားသီလနဲ့သုတ်သင်မှ ပညာအရောင်တတ်ပါတယ်၊ပညာနဲ့သုတ်သင်ပေးမှ သီလဖြူစင်ပါတယ် သီလရှိသူမှာ ပညာရှိနိုင်တယ်၊ပညာရှိသူမှာသီလရှိနိုင်တယ် သီလနဲ့ပညာဟာ လက်နှစ်ဖက် လိုပါပဲ တစ်ဖက်စင်ကြယ်မှတစ်ဖက်ကဆေးကြောပေးနိုင်မှာပါ၊ သီလနဲ့ ပညာဟာ လောက မှာအမြတ်ဆုံးပါပဲ လို့ဖြေကြား လိုက်တော့”
မြတ်စွာဘုရား ရှင်က ဟုတ်တယ်ပုဏ္ဏားကြီး ဒီအတိုင်းမှန်တယ်လို့ငါဘုရားလည်းခံယူဟောကြားတယ်လို့ မိန့်တော်မူ လိုက်ပါတယ်။
"လေးစားထိုက်သူဟူသည် ဘယ်လိုလူဖြစ်မလဲဆိုတာအထက်ပါဇာတ်တော်ကိုဖက်ရှု့သောအားဖြင့်သိမြင်လောက်ပါတယ်။စာရှုသူတို့၀န်းကျင်တွင်တွေ့မြင်နေရသောလေးစားထိုက်တဲ့ပုဂ္ဂိုလ်ကားအဘယ်စံချိန်ဖြင့် တိုင်းတာသတ်မှတ်ထားပါသနည်း၊ သူ့နေရာဒေသနှင့်သူတော့မိမိဉာဏ်မှီသလောက်တိုင်းတာစံထားနေကြမည်။မိမိတို့နှိုင်းယှဉ်ထားသည့် လေးစားထိုက် သူကိုလည်း အပြစ်မဆိုလိုပါ။ မိမိတို့နှိုင်းချိန်သည့် စံကား တို့သူပိုင်သည့်စီးစိမ်ဖြင့်လား၊ဆွေမျိုးများခြင်းဟူသောအမျိုးဂုဏ်ကြောင့်လား၊ရာထူးအာဏာကြောင့်လား၊ ဆန်းစစ်ဖို့ လိုသည်။
မြတ်စွာဘုရားရှင်ကတော့ သီလနှင့်ပညာ ထိုသူ့ထံ၌ (Balance) ချိန်ခွင်လျှာကဲ့သို့ ညီမျှနေရမည်၊ထိုသူကိုသာလေးစားထိုက်သူဟု ဟောကြားတော်မူခဲ့သည်။ထို့ကြောင့် မိမိမှာရှိနေသည့် လေးစားထိုက်သည့် ဂုဏ်သည်အဘယ်အချက်လက်များကြောင့်ပါလဲ၊ မှားနေသလား မှန်သလားဆိုတာ ပြန်လည်ဆန်းစစ် ဖို့လိုပေသည်။ လေးစား ထိုက်သူမဖြစ်သေးသော်လည်းဖြစ်နိုင်သောနည်းလမ်းများ ဘုရားရှင် ဟောကြားတော်မူခဲ့ သည်ကိုလေးစားလိုက်နာနိုင်ကြပြီးလေးစားထိုက်သူဖြစ်အောင် ကျင့်ဆောင်နိုင်ကြပါစေ။
"သီလက္ခန္ဓ၀ဂ္ဂ သောဏဒဏ္ဍသုတ်"ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်မှကူးယူဖော်ပြပါသည်
🆙TT

image