10 w - Translate

Hello! 🩵🐳
Water sign လေးတွေအကြောင်း တင်ပြီးတော့ earth sign တွေအကြောင်း တင်ပေးပါဦးဆိုလို့ ဒီနေ့တော့ earth sign တွေအကြောင်းပြောပြပေးသွားမှာပါ။
Water sign တွေလို အရမ်း emotional ဖြစ်လွန်းတာမျိုးမဟုတ်ပေမယ့် earth sign တွေကလည်း overthink ကြပါတယ်။
ဒါပေမယ့် နေရာတကာမှာလိုက်ပြီး emotional ဖြစ်ကြတာမဟုတ်ဘဲ sign ပေါ်မူတည်ပြီး emotional ဖြစ်ပုံ ကွဲကြပါတယ်။
♍ Virgo တွေကတော့ အရာရာမှာ overthink ဖြစ်ကြပါတယ်။ overthinker မှာဆို ထပ်ဆုံးကတောင် နေကြပါတယ်။
သူတို့က perfectionist ဖြစ်ချင်ကြတာဖြစ်လို့ သူတို့စိတ်တိုင်းကျအောင် အကုန်လိုက်ပြင်ရင်း အတွေးလွန်တတ်ကြတာပါ။
ကိစ္စတွေဖြစ်လာရင်လည်း အသေးစိတ် detail လိုက်ကြည့်ကြပြီး အဲ့တာတွေကို ခံစားတတ်ကြတာပါ။
များသောအားဖြင့် virgo တွေအနေနဲ့ ငါဘာမှားလုပ်မိပြီလည်း၊ ငါလုပ်တာ လုံလောက်ရဲ့လား၊ ထပ်လုပ်တာမမှားပါဘူး ဒါမျိုးတွေနဲ့ အတွေးလွန်တတ်ကြတာပါ။
🐳 ဘာမှမလုပ်ရသေးတာထက် စာရင် လုပ်ပြီးတာက ပိုကောင်းပါတယ်။ perfect ဖြစ်မဖြစ် အမြဲမတွေးဘဲ အလုပ်ပြီးဝာာမျိုးကို ပြန်တွေးပါ။
♑ Capricorn တွေကတော့ အပြင်မှာ ပူပန်တာတွေကို ထုတ်မပြဘဲ စိတ်ထဲမှာကြိတ်ပြီး အတွေးလွန်တတ်ကြပါတယ်။
ဒါပေမယ့် သူက virgo တွေလို အကုန်လုံးကို လိုက်အတွေးလွန်တာမျိုးမဟုတ်ဘဲ career ၊ ဘဝရှေ့ရေး တွေနဲ့ပက်သက်ပြီး အတွေးလွန်တတ်ကြတာမျိုးဖြစ်ပါတယ်။
အောင်မြင်နိုင်ချေရှိပါ့မလား၊ လုပ်နိုင်ပါ့မလား၊ ကျော်ဖြတ်နိုင်ပါ့မလား ဒါမျိုးတွေကို အတွေးလွန်တတ်ကြပါတယ်။
သူတို့ကိုယ်သူတို့ အမေးအများဆုံးကတော့ ငါရွေးတာမှန်ရဲ့လား၊ ငါ့အားနည်းချက်တွေကို ထုတ်ပြမိနေတာလားဆိုတာမျိုးနဲ့ ပြန်မေးပြီး သံသယဝင်တတ်ကြပါတယ်။
🐳 ဝန်တွေအကုန်လုံးကို မလျော့ပဲ ထမ်းထားစရာမလိုပါဘူး။ တစ်ခါတစ်လေတော့ လွှတ်ချပြီး အနားယူပါ။
Taurus တွေကတော့ ကျန်တဲ့ sign 2 ခုလောက် အတွေးမများတတ်ပေမယ့် စတွေးမိရင်လည်း မရပ်တတ်ကြသူတွေပါ။
အပြောင်းအလဲဖြစ်တာတွေကို မကြိုက်တတ်ကြဘဲ တကယ်လို့ ဆုံးဖြတ်ချက်တွေ ချရရင်လည်း ဒါက မှန်ရဲ့လားဆိုတာကို 100% မသေချာမချင်း ပြန်မေးနေတတ်ကြသူတွေပါ။
emotion ပိုင်းအရ နာကျင်ရပြီဆိုရင်တော့ တိတ်တိတ်လေး နာစရာတွေကို ပြန်ပြန်တွေးနေတတ်တဲ့ လူတွေလည်း ဖြစ်ကြပါတယ်။
အများဆုံးတွေးမိတတ်ကြတာကတော့ တကယ်risk ယူလို့ရပါ့မလား၊ ဒါတော့ ဒီလိုပဲ ဖြစ်နေလောက်မှာပါ ဆိုတာမျိုး ဖြစ်ပါတယ်။
🐳 အပြောင်းအလဲတွေက အမြဲတမ်း အန္တရာယ်တွေကြည့် ဖြစ်နေစေတာတော့ မဟုတ်ပါဘူး။ အောင်မြင်ဖို့ လမ်းစဖြစ်နေနိုင်တာမလို့ ရင်ဆိုင်ပါ။

image