Teasing Master Takagi-san: The Movie (2022)
Movie ထဲမှာတော့ ကျွန်တော်တိုရဲ့ အစအနောက်သန်တဲ့ကောင်မလေး Takagi-san နဲ့ Nishikata တို အလယ်တန်းနောက်ဆုံးနှစ်ကိုရောက်လာကြပါပြီ။
ဇာတ်လမ်းထဲမှာတော့ ပိုးစုန်းကြူးလေးတွေကိုတွေ့ရင် ဆုတောင်းပြည့်တယ်ဆိုတဲ့စကားကြောင့် ပိုးစုန်းကြူးလေးတွေကို ရှာကြမယ့်အပိုင်းရယ်၊ နွေရာသီပိတ်ရက်မှာ Takagi san နဲ့ Nishikata တို နတ်ကွန်းမှာတွေ့ခဲ့တဲ့ ကြောင်ပေါက်လေး Hana ကို ကြောင်လေးအမေနဲ့ တွေ့တဲ့အချိန်ထိ နှစ်ယောက်အတူ ပြုစုစောင့်ရှောက်မယ့် အပိုင်းနဲ့ နွေရာသီပွဲတော်အပိုင်းဆိုပြီး သုံးပိုင်းပါလာမှာဖြစ်ပါတယ်။
Movie တစ်ခုလုံးမှာ နွေးထွေးတဲ့ အငွေ့အသက်တွေနဲ့ ကြည်နူးဖွယ်ကောင်းတဲ့ ဆယ်ကျော်သက်အရွယ် အချစ်ကို ပေါ်လွင်အောင် ဖော်ကျူးထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်တာမိုလို Romance, comedy ဇာတ်လမ်းလေးကို ကြိုက်နှစ်သက်သူတွေအတွက် လက်မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်လမ်းတွဲလေးပဲ ဖြစ်ပါတယ်။
━━━━━━━━━━━━━━━━━━
👉Channel #join ရန် လင့်ကိုနိုပ်ပါ👇
https://t.me/+-B08pk9b4BtlNmU1
━━━━━━━━━━━━━━━━━━
👉ဇာတ်ကားကြည့်ရန်လင့်ကိုနိုပ်ပါ👇
https://t.me/WorldMoviesNew_One/687
━━━━━━━━━━━━━━━━━━
