1 ပတ် - ဘာသာပြန်ပါ။

ဘရာကြော် ကြော်နည်းနဲ့ အချဥ်ရည်လုပ်နည်း.........။ 😋
ဘရာကြော်ပူပူလေးကို ကိုယ်တိုင်ကြော် စားချင်တဲ့သူတွေအတွက်.......
ကုလားပဲဆန်အစိမ်းကို တညရေစိမ်ထားပီး နောက်နေ့ မနက်မှာ
ဇကာနဲ့ရေစစ်ပြီး ညက်နေအောင်ထောင်းထားပါ။
ပြီးရင် ပဲအကျက်မှုန့် အရည် ခပ်ပျစ်ပျစ်ဖျော်ထားပါ။
ကြက်သွန်နီ၊ ပျဉ်းတော်သိမ်း၊ ငရုတ်သီးစိမ်း၊
ကြက်သွန်မြိတ်တွေ ပါးပါးလှီးထားပါ။
ပြုလုပ်နည်း............
၁. ကုလားပဲဆန်ထောင်းထဲကို
၂. ပဲအကျက်မှုန့် ကို ခပ်ပျစ်ပျစ် ရေဖျော်ထည့်ပါ။
၃. ကြက်သွန်နီ ပါးပါးလှီးထည့်ပါ။
၄. ပျဉ်းတော်သိမ်း ပါးပါးလှီးထည့်ပါ။
၅. ငရုတ်သီးစိမ်း ပါးပါးလှီးထည့်ပါ။
၆. ကြက်သွန်မြိတ် ပါးပါးလှီးထည့်ပါ။
၇. ဆား၊ ဟင်းခပ်မှုန့်၊ ဆော်ဒါ နနည်းဆီထည့်၍ လုံးနေအောင်နယ်လိုက်ပါ။
ပြီးရင် မိမိကြိုက်နှစ်သက်သော အရွယ်အစားလုံးပြီး ဆီများများနဲ့ကြော်ပါ။ ဘရာကြော်လေးများနီရဲလာရင်တော့ ဆီထဲမှဆယ်ပြီး ဇကာနဲ့စစ်ထားပါ။
အချဥ်ရည်လုပ်နည်း.......
ဗမာငရုတ်ဆီကို ထညက်ရည်၊ မကျည်းရည်နဲ့ကျို/အအေးခံထားပြီး ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူထောင်း၊ နံနံပင်ထည့်ပါ။
အငံ ထည့်ပါ။ ဒါဆိုရင်တော့ အရသာရှိလှတဲ့ အချဉ်ရပါပြီး။
အရမ်းကိုလိုက်ဖက်တဲ့ အချဉ်နဲ့ စားလို့ကောင်းတဲ့ ဘရာကြော်ပါ။
ငရုတ်သီးစိမ်း၊ ပျဉ်းတော်သိမ်းအရသာလေးသင်းပြီး
စားသူတိုင်း အကြိုက်တွေ့စေမယ့် အရသာမျိုးပါပဲ။
ဂျင်းလေးအနည်းငယ် ထောင်းပီးထည့်လည်း စားကောင်းပါတယ်။
✨ ပဲအကျက်မှုန့် ကို
✨ ခပ်ပျစ်ပျစ် အရည်ဖျော်ထည့်ရတဲ့ ရည်ရွယ်ချက်က
✨ ဘရာကြော်လုံးတဲ့အခါ လွယ်ကူစေပြီး
✨ ကြော်တဲ့အခါမှာလည်း ကွဲထွက်မသွားစေဖို့ပါ။
တစ်ဦးနဲ့ တစ်ဦး ချက်နည်းတွေမတူကြပါဘူး။
ဒီနည်းကတော့ ကျမ ကြော်စားတဲ့နည်းပါ။
Credit - ပဲခူး ဒေါ်ထွေးရီ
မူရင်းပိုင်ရှင်အား လေးစားစွာဖြင့် credit ပေးပါသည်......။

image