၉၆ပါးရောဂါအားလုံးအတွက် အသုံးပြုနိုင်တဲ့
နနွင်း ခေါ် ဆနွင်း 🌿🌿🌿🌿
☑️၉၆ ပါးသော ရောဂါကို ပါဠိလို "ဆနဝုတိ"လို့ခေါ်ပြီး ထိုရောဂါအားလုံးပျောက်ကင်းခြင်းကို "ဆ-နဝင်း"ဟုခေါ်ပါတယ်။ ၉၆ပါး ရောဂါကို ကုသရာတွင် ဉာဏ်ရှိသလို အမျိုးမျိုးအသုံးပြုနိုင်တဲ့ ဆေးပင်ဖြစ်လို့ တင်စားပြီး "ဆ-နဝင်း လို့ခေါ်ရာမှ ယခုနောက်ပိုင်း " ဆနွင်း "ဟု ခေါ်လာကြတာပဲဖြစ်ပါတယ်။
☑️နနွင်း၏ ရုက္ခဗေဒ အမည်မှာ Curcuma longa ဖြစ်ပြီး ချင်းအုပ်စုများနဲ့အတူ ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးများလေ့ရှိကြပါတယ်။ နနွင်းထုတ်လုပ်မှု အများဆုံးနိုင်ငံမှာ အိန္ဒိယ နိုင်ငံပဲဖြစ်ပါတယ်။
🔊နနွင်းအမျိုးအစား ၆မျိုးရှိကြတဲ့အနက် နနွင်းနက် ခေါ် ဂမုန်းတိမ်ပြာ မှာ တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။
☑️စိုက်ပျိုးချိန်အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ဧပရယ်၊ မေလများတွင် အများဆုံးစိုက်ပျိုးလေ့ရှိပြီး ဒီဇင်ဘာ၊ ဇန်နဝါရီလများတွင် တူးဖော်ကြပါတယ်။ သူ့ရဲ့သက်တမ်းအနေနဲ့ စိုက်ပြီး ၇-၉လအတွင်း ရိတ်သိမ်းနိုင်ပါတယ်။
☑️နနွင်းကို နောက်တစ်ရာသီ ထပ်စိုက်ရန် မျိုးသိမ်းလိုပါကလဲ သဲထဲ သို့မဟုတ် လွှစာမှုန့် တွေထဲ မှာ မြုပ်ပြီး နောက်ရာသီအတွက် မျိုးအနေနဲ့ အသုံးပြုနိုင်ပါတယ်။
☑️နနွင်းကို များသောအားဖြင့် အစိုကိုပြုတ်၍ အခြောက်လှမ်းပြီး အမှုန့်ကြိတ်၍ အများအားဖြင့် အသုံးပြုလေ့ရှိကြပါတယ်။ နနွင်းမှာ ကာကူမင်ဓာတ် (အဝါရောင်ဖြစ်စေတဲ့ ဒြပ်ပေါင်း ) နှင့် မရှိမဖြစ်ဆီ တို့ပါဝင်နေပါတယ်။
နနွင်း၏ ကောင်းကျိုးများ
☑️သွားဖုံးရောင်ခြင်း အဆစ်အမျက်ရောင်ခြင်း၊ ထိခိုက်ဒဏ်ရာရ၍ ရောင်ခြင်း စတဲ့ အရောင်အမျိုးမျိုး ကျစေရန်အသုံးပြုနိုင်ခြင်း
☑️ဘက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးများနှင့် မှိုပိုးများကြောင့်ဖြစ်သော ရောဂါများကို ကာကွယ်ကုသနိုင်ခြင်း
☑️ ကင်ဆာရောဂါများကိုကာကွယ်ပေးခြင်း
☑️နှလူံးနှင့် သွေးကြောကျဉ်း လူနာများအတွက် နှလုံးသွေးကြောပိတ်ပြီး ရုတ်တရက် သေဆုံးခြင်းများမှ ကာကွယ်နိုင်ခြင်း
☑️နနွင်းဆီဟာ အငွေ့ပျံလွယ်သော အဆီဖြစ်ပြီး အပူပေးလျှင် သို့မဟုတ် မီးရှို့လျှင် ထွက်လာတဲ့အနံ့မှာပါဝင်တဲ့ တာမီရုန်းကြောင့် ခြင်များကို ပြေးစေပါတယ်။
