10 w - Translate

ခွင့်လွှတ်တယ် ဆိုတိုင်း နောက်တစ်ခါ
ပြန်ယုံကြည်တယ် ဆိုတဲ့
အဓိပ္ပါယ် မသက်ရောက်ဘူး ..

သည်းခံတယ် ဆိုတိုင်း နောက်တစ်ခါ
စော်ကားခွင့်ရှိတယ် ဆိုတဲ့
အဓိပ္ပါယ် မသက်ရောက်ဘူး ..

နားလည်ပါတယ် ဆိုတိုင်း နောက်တစ်ခါ
အမှားထပ်လုပ်ပါ ဆိုတဲ့
အဓိပ္ပါယ် မသက်ရောက်ဘူး ..

အားနာတတ်တယ်ဆိုတိုင်း နောက်တစ်ခါ
ဂုတ်ခွစီးပါ..ဆိုတဲ့
အဓိပ္ပါယ် မသက်ရောက်ဘူး ..

အလျှော့ပေးတယ်ဆိုတိုင်း အမြဲတမ်း
အနိူင်ယူခွင့်ရှိတယ် ဆိုတဲ့
အဓိပ္ပါယ် မသက်ရောက်ဘူး ..

ယုံကြည်ပေးတယ်ဆိုတိုင်း နောက်ကွယ်မှာ
လိမ်ချင်ရာလိမ်ပါ ဆိုတဲ့
အဓိပ္ပါယ် မသက်ရောက်ဘူး .......

မေတ္တာထားလို့မှ မေတ္တာကြေး ပြန်မရရင်
တန်ရာတန်ကြေးပဲ .......

အသိအမှတ်မပြုခံရတာများလာရင်
ဥပေက္ခာပြုတတ်တယ် ........

လွယ်လွန်းရင် တန်းဖိုးမထားတဲ့ သူတွေနဲ့
ရောလွန်းရင် ကျဲတတ်တဲ့ နွားနိူ့လို့လူမျိုးတွေနဲ့
မပတ်သတ်မိအောင် အမြဲရှောင်တယ် .......

အရင်လိုအရူးလုပ်လို့မရဘူး
အပြောင်းအလဲမြန်တတ်တဲ့ သူတစ်ချို့ကြောင့်
တတ်သင့်တတ်ထိုက်တဲ့ သိုင်းတချို့သင်ထားတယ် ......

image