10 ပတ် - ဘာသာပြန်ပါ။

▪အဖေဟာ
စက်ရုပ် မဟုတ်ပါဘူး ဒါပေမဲ့
မိသားစုအတွက်ဆို မနားမနေ
အလုပ်လုပ်တယ်။
▪အဖေဟာ
ကျောက်ရုပ် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
ခံနိုင်ရည်ရှိတယ်။
▪အဖေဟာ
တန်ခိုးရှင် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
အရာရာ
ဖန်ဆင်းပေးနိုင်တယ်။
▪အဖေဟာ
စွမ်းအားရှင် မဟုတ်ပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
ဘာမဆို
ရင်ဆိုင်ရဲတယ်။
▪အဖေဟာ
အသက်အပို မပါပါဘူး။ ဒါပေမဲ့
မိသားစုအတွက်ဆို
အသက်ကိုပင်
စတေးရဲတယ်။
▪အဖေ့ပခုံးဟာ
နွားသားရေလို မထူပါဘူး။ဒါပေမဲ့
မိသားစုအတွက်ဆို
နွားနဲ့ ရင်ပေါင်တန်းပြီး
ဝန်ကို ထမ်းနိုင်တယ်။
▪အဖေဟာ
"ချစ်တယ်"လို့
ခဏခဏ မပြောဘူး။ ဒါပေမဲ့
ချစ်တယ်ဆိုတာထက်
ပိုတယ်။
▪အဖေဟာ
"လွမ်းတယ်"လို့
သိပ် မရေရွတ်ဘူး။ ဒါပေမဲ့
လွမ်းတယ်ဆိုတာထက်
ပိုတယ်။
▪အဖေဟာ
မိသားစုအတွက်ဆို
မဟာတံတိုင်းကြီးပါ။ ဘေးရန်မရောက်အောင်
ကာကွယ်ပေးထားတယ်။
▪အဖေဟာ
သစ်ပင်တစ်ပင်မှာဆို
ရေသောက်မြစ်လိုပါပဲ။
မိသားစုဆိုတဲ့ ပင်စည်လေး
ဖွံ့ဖြိုးလို့
အကိုင်းအခက်တွေ
ဝေဆာဖို့
အသီးအပွင့်တွေ
ဖူးပွင့်ဖို့
မိမိဘဝကို
မိသားစုအတွက်
ဇာတ်မြှုပ်ကာ
ထောက်ပံ့ပေးနေသူပါ..

image