အသည်းကွဲတဲ့အခါ သတိရှိပြီး လုံးဝ မလုပ်သင့်တဲ့အရာကတော့ ကိုယ့်ကို အသည်းကွဲစေတဲ့သူနဲ့ ပြန်ပြီးဆက်သွယ်တာပါပဲ ။ တော်တော်များများက သံယောဇဉ်မပြတ်နိုင်သေးတဲ့အတွက် ပြန်ပြေလည်သွားမလားဆိုတဲ့ စိတ်နဲ့ ကြံမိကြံရာနဲ့ ဆက်သွယ်မိကြပါတယ် ။
ဒီလိုလုပ်တာဟာ အသည်းကွဲခြင်းသံသရာထဲမှာ ပိုကြာနေစေပြီး အဆုံးမှာ ပိုနာကျင်ရပါတယ် ။ အကယ်၍ ကိုယ်က မဖြစ်ဖြစ်တဲ့နည်းနဲ့ ပြန်တွဲဖို့ ဆက်သွယ်ခဲ့လို့ သူက ပြန်လက်ခံတဲ့သူဆိုရင်တောင် သူကိုယ့်ကို တကယ်ချစ်လို့မဟုတ်တော့ဘဲ ၊ Annoy ဖြစ်လို့ ၊ သံယောဇဉ်လက်ကျန် ရှိသေးလို့ လက်ခံတာမျိုးပဲဖြစ်လေ့ ရှိပါတယ် ။ ဒီအခါ ကိုယ့်အပေါ် ကိုယ်ထားတဲ့ Self-respect ပါ လျော့ကျလာပြီး နေ့ရက်တိုင်းက အဓိပ္ပာယ်မဲ့တယ်လို့ ခံစားနေရပါမယ် ။
ဒီလိုအချိန်မှာ ပြန်ဆက်သွယ်မိတာဟာ တစ်ချိန်မှာ နောင်တရစရာလုပ်ရပ်တွေပဲ ဖြစ်လာတာမလို့ လက်ရှိအချိန်မှာ ကိုယ့်ခံစားချက်ကို ဦးစားမပေးတော့ဘဲ သူနဲ့ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ၊ Message ၊ Social Media တွေကို အကုန် Block ထားလိုက်ပါ ။
အဲဒီလို အဆက်အသွယ်ဖြတ်ပြီး ကိုယ့်ကို စိတ်ချမ်းသာစေမယ့် အရာတွေနဲ့ နေခြင်းက အသည်းကွဲဝေဒနာ ကုစားတဲ့ဖြစ်စဉ်ကို ပိုမြန်ဆန်စေပါလိမ့်မယ် ။
#rightpersonrightlove

image