နေ့စဥ်နေ့စဥ် ကျန်းမာရေး
လမ်းလျှောက်တဲ့အခါ..
လမ်းကို တည့်ပဲ လျှောက်ရမယ်တို့ ၊
အကြိမ်အကျော့တို့
သတ်မှတ် ချက်မရှိပါဘူး။
ဒါဆို လမ်းကို နောက်ပြန်
လျှောက်ကြည့်ရင်ရော...
(Outdoor ဆို ကားတိုက်မယ်)
စတာပါ....Yes...ရပါတယ်။
နောက်ပြန် လမ်းလျှောက်ပေးသင့်ပါတယ်။
တရုတ်ပြည်မှာတော့
ကျန်းမာရေးလမ်းလျှောက်တဲ့အခါ
လူတိုင်းနီးပါး နောက်ပြန် လမ်းလျှောက်တာကို
နှစ်ပေါင်းများစွာကတည်းက သုံးနေကြတာပါ။
ရုံးဝန်ထမ်းတွေ နေ့ခင်း Lunch Break မှာ
လျှောက်လို့ရတယ်။
အားကစားဘက်မှာဆို ရိုးတောင်နေပြီ။
ဘောလုံးသမားတွေ ၊ ကွင်းလယ် ဒိုင်ပါမကျန်
နောက်ပြန် လမ်းအသွက်လျှောက်တာရိုးနေပြီ။
Knee Over Toes Guy ဆိုတဲ့ပုဂ္ဂိုလ်ရဲ့
နောက်ပြန်လမ်းလျှောက် Sledge ဆွဲတာတွေ ၊
Ankle Dorsiflexion အတွက် Tibialis Curl Exercise တွေဟာဆိုရင်...
နာမည်မည်ကြီး
Fitness Influencer စစ်စစ်တွေကိုတောင်
လွှမ်းမိုးနိုင်ခဲ့တာပါ။
အထူးသဖြင့် Cognitive နဲ့ Joint Integration အတွက် ဆိုပြီး Train ကြတာ။
