10 ပတ် - ဘာသာပြန်ပါ။

National Costume of Pathein
"Save the Dolphins 🐬🐬"
ဧရာဝတီ လင်းပိုင် (Ayeyarwaddy Dolphin)လေးတွေဟာ ဧရာဝတီကမ်းရိုးတမ်း တလျှောက် မှာ တွေ့ရတဲ့ ရှားပါးတဲ့ ရေချိုနို့တိုက် သတ္တဝါမျိုးစိတ်တခုဖြစ်ပြီး ကမ္ဘာမှာလည်း မျိုးသုဥ်း ပျောက်ကွယ်တော့မယ့် ရှားပါးသတ္တဝါမျိုးစိတ်တခုလည်း ဖြစ်ပါတယ်
Costume Design မှာ အင်္ကျီနှင့် ဖိနပ် ကို ရွှေဝါရောင်သဲသောင်ပြင်ရဲ့ ရွှေဝါရောင် သွင်ပြင်အင်္ဂါရပ် ဖြင့် ချုပ်လုပ်ထားပြီး ရွှေရောင် အဆင်တန်ဆာများဖြင့် ဝန်းရံစီခြယ်ထားတဲ့ ရွှေရောင်လွှမ်းတဲ့ ဝတ်စုံဖြစ်ပါတယ်
လှိုင်းလုံးများဖြင့် အလှဆင်ခြင်း အနုပညာကိုလည်း အပြာရောင် ရေလှိုင်းလုံးများသည် ဧရာဝတီမြစ်ရေပြင်ကျယ်ကို ကိုယ်စားပြုပြီး ရွှေဝါရောင်သဲများ ချစ်စရာ လင်းပိုင်ငယ်များရဲ့ ဆက်နွယ်မှုကို ထပ်ဟပ်အောင် လှိုင်းလုံးများဖြင့် ပံ့ပိုးပုံ‌ဖော် ထားခြင်းဖြစ်ပါတယ်
ဒီ Costume မှာ ပုဂံခေတ်ရဲ့ သဲပန်းချီ အနုပညာလက်ရာကိုလည်း ထူးထူးခြားခြားထည့်သွင်းထားပါတယ် ပုဂံက ပန်းချီဆရာကိုယ်တိုင် ဒီ Costume အနောက်က ပန်းချီကို ကိုယ်တိုင်ရေးဆွဲ ပုံဖော်ထားကာ ရှားပါး သဲနဲ့ရေးဆွဲ ပြုလုပ်တဲ့ ပန်းချီအနုပညာလက်ရာကိုလည်း ခံစားရမှာပဲ ဖြစ်ပါတယ်
ယခုအခါ ဧရာဝတီကမ်းရိုးတမ်း တလျှောက်မှာလည်း လင်းပိုင်ကောင်ရေ (၇၀) နီးပါးလောက်သာ ကျန်ရှိတော့တာမို့ မျိုးသုဉ်းပျောက်ကွယ်တော့မယ့် ရှားပါးမျိုးစိတ် ရတနာ လင်းပိုင်လေး တွေကို ထိန်းသိမ်းကာကွယ်ကြရမှာပဲ ဖြစ်ပါတယ် အလှမယ်ဟာ သဲသောင်ပြင် ရေစောင့်နတ်သမီးအသွင်ဖြင့် ကာကွယ်ထိန်းသိမ်း‌စောင့်ရှောက်ကြ‌စေလိုဟန် နှိုးဆော်ထားခြင်း Message နှင့်အတူ Designer ရဲ့ စိတ်ကူး ထူးခြားတဲ့ လက်မှုပညာ ရှားပါး သဲပန်းချီ ကိုပါ ပေါင်းစပ်ကွန့်မြူးဖန်တီးထားတဲ့ "Save the Dolphins" (လင်းပိုင်တွေကို ကာကွယ်‌စောင့်ရှောက်ပါ) National Costume အား ပုသိမ်ရဲ့ အမျိုးသားဝတ်စုံဖြင့် ဂုဏ်ယူစွာ တင်ဆက်ပြသလိုက်ရပါတယ်
Costume Designer - Designer Thae Sandi Oo
Hair & Makeup - Thi Ri Mon (Beauty By Thiri)
Photo by - Wai Lin Masterpiece
Studio - Love Diary Wedding Professional
Contact Lens - FreshtoneMyanmar
Arranged by - Miss Universe Pathein Organization
Save the Dolphins 🐬 🐬

image