10 ပတ် - ဘာသာပြန်ပါ။

2️⃣ငှက်ပျောဝိုင်ပြုလုပ်နည်း
https://greenway.page.link/bananawine

အားလုံးမင်္ဂလာပါ။ ကိုဗစ်ကာလအတော်ရှည်ကြာနေတုန်းပဲမို့ စာဖတ်သူတို့မရိုးရလေအောင် ဝိုင်လေးလုပ်ပြီးသောက်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အခုက မိုးရာသီအစရောက်လာပြီဆို‌တော့ တကယ်မိုးရွာတဲ့ရက်မှာ ခပ်နွေးနွေးစူးရှရှဝိုင်လေးတစ်ခွက်သောက်ရင်း အိမ်မှာပဲ ပျော်ကြည့်ကြတာပေါ့ဗျာ။

ကဲလိုရင်းတိုရှင်းပဲ ရေးလိုက်ပါတော့မယ်။

ပါ၀င်ပစ္စည်းများ

(၁) ငှက်ပျောသီးအမှည့် ၂၁ ပေါင်

(၂) ရေသန့် ၅ ဂါလန်

(၃) သကြားဖြူ/ညို ၁၅-၂၀ပေါင်

(၄) စူပါမားကတ်တွေမှာတော့ ရှာ၀ယ်လို့ရနိုင်တဲ့ Acid blend တို့ ၊Tannin တို့ wine Nutrients တို့ရှာ၀ယ်လို့ရရင် ထည့်နိူင်ပါတယ်။ (သူတို့ပါရင် အရောင်ပိုမိုကောင်းမွန်ပြီးအနံ့အသက်ကပါ ဆွဲဆောင်မှုပိုကောင်းစေပါတယ်)

(၅) စပျစ်သီး(သို့) စပျစ်သီးခြောက် ၄ ပေါင်

(၆) တရုတ်တစေးလုံး ၅ လုံး

ပထမဦးစွာ ငှက်ပျောသီးများကို အပိုင်းပိုင်းလှီးပါ (သီးမွှေးငှက်ပျောသီးဆို ပိုကောင်းပါတယ်)။ ထို့နောက် ဒန်ခွက်အကြီးထဲကိုထည့်ပါ။ ရေ ၅ ဂါလန်ကိုထည့်၍ မီးအပူပေးပါ။ ငှက်ပျောသီးအပိုင်းများနဲ့အတူ ဖေါ်ပြပါသကြား ပမာဏကို ချင်တွယ်၍ ၄၅ မိနစ်ခန့်ကျိုချက်ပါ၊

မိနစ်အနည်းငယ်အအေးခံပြီးနောက်တွင် အထက်ဖေါ်ပြပါ နံပတ်စဉ် ၄၊ ၅၊ ၆ မှ ပစ္စည်းများကို သမစွာထည့်၍မွှေပါ။ ထို့နောက် အချိုဓာတ်‌ကြောင့် ပုရွက်ဆိတ်နှင့် အခြားအင်းဆက်များ မ၀င်ရောက်စေရန် အဖုံးလုံအောင်အုပ်၍ နာရီ၀က်ခန့်အအေးခံပါ။

အချဉ်ဖောက်ခြင်း (Fermentation) ဖြစ်စဉ်ပြုလုပ်ရန် အသင့်ပြုလုပ်ထားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်သည့် အဆို့ပါပုလင်းထဲသို့ ထည့်ပါ။ ထိုအကြောင်းကို စာရေးသူရေးသားထားတဲ့ ဆန်စပါကလင်ဝိုင်လုပ်နည်း မှာ အသေးစိတ်ဖတ်ရှုနိူင်ပါတယ်။ ကျိုချက်ထားသော ငှက်ပျောသီးအပိုင်းအစများနဲ့ သကြားပျော်ရည်အရောကို ကတော့နှင့်သေချာစွာထည့်ပါ။ ထို့နောက် ရေ ၆ ဂါလန်ဖြည့်ပါ။ အဆို့ကို စနစ်တကျပိတ်ပြီးနောက် ဓာတ်ပြုခြင်းဖြစ်စဉ် စတင်ပြီဖြစ်ပါတယ်။ ၁၂ နာရီခန့်အတွင်း ကာဗွန်ဒိုင်အောက်ဆိုဒ်ထွက်ရှိမှုကို လေ့လာကြည့်ပါ။ ရက်သတ္တပတ် ၃ ပတ်ခန့်ကြာပြီးနောက် Racking ဟုခေါ်သော အနည်ကျနည်းဖြင့် အခြား ဝိုင်လှောင်သည့်ပုလင်းထဲသို့ ရွှေ့ပြောင်းပါ။ အနံအရသာနဲ့ပြည့်စုံသော ငှက်ပျောသီးဝိုင်ဟာ မူရင်း‌ရေးသားသူရဲ့ တိုင်းထွာချက်များအရ အယ်လ်ကိုဟောပါ၀င်မှု ၂၀% ရှိတယ်လို့ ဆိုပါတယ်။ ကဲ မိုးရာသီရဲ့မိုးဖွဲဖွဲလေးကျတုန်း ကိုယ့်ရဲ့ ကိုယ်တိုင်လုပ်ဝိုင်လေးနဲ့ ဇိမ်ခံကြည့်ကြရအောင်လားဗျာ။

ပြည့်ဖြိုးသော်

image