10 ပတ် - ဘာသာပြန်ပါ။

ငါးကြီးသားငါးချဥ်ကြော်
°°°°°°°°°°°°°°°°°°°°°°°°°°°
ဒီလိုငါးချဥ်မျိုးကို ငါးပေါတဲ့မြစ်ဝကျွန်းပေါ်တွေဖက်မှာသိပ်တွေ့ရလေ့မရှိပေမယ့် ကသာ၊ ​ရွှေကူ
တို့လိုမြန်မာပြည်အထက်ပိုင်းမှာအများဆုံးတွေ့ရတယ်။
ငါးအသားလွာကိုထမင်းပါသည်ဆိုရုံလေးနဲ့လောပြီးငါးချဥ်ဖြစ်အောင်လုပ်ထားတာမျိုးပေါ့။
ကြော်တဲ့အခါ ငါးအသားလွှာကို အတုံးလေးတွေဖြစ်အောင်ပြန်လှီးပြီးမှကြော်ရတယ်။
အရသာကိုလဲ စပ်စပ်လေးကြော်ရင်ပိုစားကောင်းတယ်။
အခုဟာက စပ်ပြဲလန် လွန်းလို့ ဆွေ့ဆွေ့ ပါ ခုန်သွားတာ 😋😋😋

ငါးကြီးသားချဥ်..........၂၅ကျပ်သား
ကြက်သွန်နီ..................၂လုံး
ကြက်သွန်ဖြူ...............၅မွှာ
ခရမ်းချဥ်သီး...............၁လုံး
ငရုတ်သီးခွဲကြမ်း.........၂ ဇွန်း
ငရုတ်သီးစိမ်း...............၁၀တောင့်
ကြက်သွန်န်မြိတ်+နံနံပင်..၃ပင်စီ

ငါးကြီးသားချဥ်ကို အတုံးငယ်လေးများအဖြစ်လှီးဖြတ်ပါ။

ကြက်သွန်နီ၊ဖြူ ၊ ခရမ်းချဥ်သီးတွေကိုပါးပါးလှီးပါ။

ငရုတ်သီးစိမ်း ကိုထက်ခြမ်းပုံစံ စောင်းစောင်းလေးတွေလှီးပါ။

ကြက်သွန်မြိတ်+နံနံပင်တွေကိုခပ်ကြမ်းကြမ်းလေးလှီးဖြတ်ပါ။

ဒယ်အိုးတစ်လုံးမှာ ဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်နီကိုနနွင်းမှုန့်အနည်းငယ်နှင့်အတူဆီသပ်ပါ။

အနည်းငယ်နွမ်းလာလျှင် ကြက်သွန်ဖြူတွေထည့်ပါ။ မွှေးလာပြီဆိုငရုတ်သီးခွဲကြမ်းဖတ်တွေထည့်ကြော်ပါ။

ငရုတ်သီးကျက်လောက်ပြီဆိုခရမ်းချဥ်သီးနဲ့ငါးကြီးသားချဥ်ကိုအတူထည့်ပါ။

အနည်းငယ်လှိမ့်ကြော်ပြီးလျှင်ငရုတ်သီးစိမ်းတွေထည့်ပါ။

နောက်ဆုံး ခပ်ကြမ်းကြမ်းလှီးထားတဲ့ကြက်သွန်မြိတ်၊ နံနံပင်တွေထည့်မွှေပြီးဖိုပေါ်မှချပါ။

image