10 ပတ် - ဘာသာပြန်ပါ။

ဗမာကြက်ကြော်
°°°°°°°°°°°°°°°°°°

ဒီဟင်းပွဲတင်တိုင်း မေးကြလေ့ရှိတဲ့မေးခွန်းက အဲ့လိုအရောင်လေးရအောင်ဘယ်လိုကြော်သလဲဆိုတာပါပဲ။

တကယ်တမ်းကမခက်ခဲပါဘူး၊ပြုတ်သည်၊ကြော်သည်အဲ့ဒီနည်းစနစ် ၂ခုလုံးကိုတိတိကျကျလိုက်နာဖို့ပါပဲ။

ဗမာကြက်............၅၀ သား
ချင်းသေးသေး.....၁ တက်

ဗမာကြက်ကို အတွင်းကလီစာတွေသန့်စင်ပြီး ရင်ပုံ၂ ခြမ်း၊ပေါင် ၂ ခုကြော်လဲရပါတယ်။

ကျွန်တော်က ချက်ဖို့အသင့်ခုတ်ပြီးသားကို စားချင်လို့ထကြော်တာကြောင့်အတုံးသေးလေးတွေဖြစ်နေရပါတယ်။

ကြက်သားကိုရေဆေး၊သန့်စင်ပြီးရေစစ်ထားပါ။
ရေခြောက်သွားပြီဆိုရင်၊ဆား၊အရသာမှုန့်၊အရက်အနည်းငယ်၊နနွင်းမှုန့်ပါသည်ဆိုထည့်ပြီးအရသာဝင်အောင်နယ်ပါမယ်။ ၁၀ မိနစ်ခန့်နှပ်ထားပေးပါ။

ပြုတ်အိုးထဲ ချင်းကိုဓားပြားရိုက်ပြီးကြက်သားရေမြှုပ်သည်ဆိုရုံထည့်ပြီးမီးရှိန်အေးအေးမှာအဖုံးပိတ်ပြီးပြုတ်ပါ။

ရေခမ်းစပြုပြီဆိုအသားကိုဝါးတုတ်ချွန်လေးနဲ့ထိုးစမ်းကြည့်ပါ။ ကြက်သားနှုး၊မနှုးဆိုတာ မိမိဝယ်တဲ့အနု၊အရင့်ပေါ်လဲမူတည်ပါတယ်။မာနေသေးရင်ရေအနည်းငယ်ထပ်ထည့်ပြီးပြုတ်ပါ။

ရေခမ်းစအချိန်( အစေးဓာတ်လေးတွေကြက်မှာကပ်နေချိန်)ချပါ။ လုံးဝရေခမ်းခြောက်သွားအောင်ပြုတ်လိုက်မယ်ဆိုရင်ကြော်တဲ့မာဂေါက်ဂေါက်ဖြစ်သွားပါမယ်။
ဒယ်အိုးတစ်လုံးမှာမိမိကြော်မယ့်ကြက်ရဲ့ထုရဲ့ သုံးပုံ
တပုံမြှုပ်ရုံဆီထည့်ပါ။ ငါးမုန့်ခြောက်ထည့်ကြော်ရလောက်တဲ့ဆီအပူချိန်မှာကြက်သားတွေထည့်ကြော်ပါ။

ထည့်ပြီးစ အချိန်မှာမမွှေမိစေရန်သတိပြုပါ။
ရွှေညိုရောင်သမ်းလာပြီဆိုမှတဖက်ကိုလှန်ပြီးနောက်တကြိမ်ရွှေညိုရောင်သမ်းအောင်ကြော်ယူဆီစစ်ပါ။

image