10 ပတ် - ဘာသာပြန်ပါ။

ဒါလဲ ငါးပိတုံးနဲ့ မန်ကျည်းသီးစိမ်းနု ကို
အညာကျေးလက်ဆန်ဆန်လေးချက်ထားတာ။
မကျည်းသီးနှင့်ငါးဆားနယ်ချက်
°°°°°°°°°°°°°°°°°°°°°°°°°°°°

မကျည်းစိမ်းနုနု...........၁၀ကျပ်သား
ငါးဆားနယ်.................၃၀ကျပ်သား
ကြက်သွန်နီ.. .............၂လုံး
ကြက်သွန်ဖြူ .............၅တက်
ခရမ်းချဉ်သီး...............၂လုံး
ငရုတ်သီးစိမ်း.............၅တောင့်
ကုလားအော်သီး.........၃တောင့်

ငါးဆားနယ်တွေကို ၁လက်မအရွယ်လေးတွေတုံးပြီးကြက်သီးနွေးရေလေးဖြင့်စိမ်ထားပါ။

မန်ကျည်းသီးနုရဲ့အပွေးလေးတွေကျွတ်အောင်ဆားလေးဖြင့်ပွတ်နယ်ပြီးဆေးပါ။

ရေစစ်ပြီးဆားနှင့်ရောကာညှက်နေအောင်ထောင်းပါ။

ကြက်သွန်နီ၊ ဖြူ တွေကိုလဲရောထောင်းပါ။

ဒယ်အိုးတစ်လုံးမှာဆီခပ်များများလေးထည့်ပြီးရောထားတဲ့ကြက်သွန်နီ၊ဖြူ တွေကိုနနွင်းမှုန့်၊ ငရုတ်စိမ်းမှုန့်လေးအနည်းငယ်ထည့်ပြီးဆီသပ်ပါ။

ခရမ်းချဉ်သီးတွေထည့်ပြီးအနှစ်ကျ ၊ဆီပြန်အောင်ချက်ပါ။

ဆီပြန်လာလျှင် ငါးဆားနယ်တုံးတွေထည့်ချက်ပါ။

ဆား၊ငါးငံပြာရည်၊ဟင်းခတ်မှုန့်တို့ဖြင့်အရသာဖြည့်စွက်ပါ။

အနှစ်ကျလာပြီဆိုရင်တော့ထောင်းထားတဲ့မကျည်းသီးစိမ်းအနှစ်တွေထည့်ပါ။ငရုတ်သီးစိမ်းနှင့်ကုလားအော်သီးတွေကိုအတောင့်လိုက်ထည့်ပါ။

ရေလေးအနည်းငယ်ထည့်ကာအဖုံးပိတ်ပြီးချက်ပါ။

ဆီပြန်လာချိန်မှ ခြွေထားတဲ့ပင်စိမ်းရွက်လေးတွေထည့်ပါ။

image