9 ပတ် - ဘာသာပြန်ပါ။

ကိုရီးယား ရေညှိ ထမင်းလိပ် (Kim Bab)ပြုလုပ်နည်း
=================================
ပင်ဆင်ရမည့် ပစ္စည်းများ – ကြက်ဥ၊ ရေညှိထမင်းလိပ်သုံး ရေညှိ၊ အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ် ၊ ဂဏန်းသားချောင်း ၊ အချိုဖောက်ထားသည့် မုန်လာဥဖြူ (ဒန်းမူဂျီ) ၊ ထမင်း ၊ ဆားအနည်းငယ် (ဇွန်းအသေး ½) နှင့် သကြား ဇွန်းသေး ½ နှင့် ရှာလကာရည် ဇွန်းသေး ½ ၊ နှမ်းဆီမွှေး ဇွန်းသေး ½

အရင်ဦးဆုံး အသားပြားကို အရွယ်အစား ညီညာစွား လှီပေးပါ

အူအောင်း (Burdock) ဟု ခေါ်သည့် အမြစ်တစ်မျိုးအား ပြုတ်ပြီး ပဲငံပြာရည်အစရှိသည်ဖြင့် နှပ်ထားသည့် အူအောင်းဂျိုရင်းမ်ကို ထုတ်ပြီး အသားပြားလှီးသည့် အရွယ်အစားအတိုင်း ညီညာစွာ လှီးပါ။

မုန်လာဥဖြူ အချို (ဒန်းမူဂျီ) ကိုလည်း အသားပြားလှီးသကဲ့သို့ သင့်တော်မည့် အရွယ်အစားခန့် ညီညာစွာ လှီးပြီး အသင့်ပြင်ထားပေးပါ။

အသင့်ပြင်ထားသည့် ဂဏန်းသားအချောင်းများနှင့် အသားပြားချောင်းများကို ဒယ်အိုးပြားပေါ်တွင် အသာလေး ကင်ပေးပါ။

ကြက်ဥကို မွှေခလောက်ပြီးနောက် ဒယ်အိုးပြားပေါ်တွင် ကင်ပေးပါ။

ထမင်းအား အရမ်း မပျော့မပြဲပဲ ဆန်လုံးပုံစံမပြတ် တောင့်တောင့်အိအိလေး ချက်ထားပြီးနောက် ဆားအနည်းငယ် ဇွန်းအသေး ½ ၊ သကြား ဇွန်းအသေး ½ ၊ ရှာလကာရည် ဇွန်းအသေး ½ ၊ နှမ်းဆီမွှေး ဇွန်းအသေး ½ ထည့်ပြီး နှံ့အောင် ရောမွှေပေးပါ။

ရေညှိပြား (ဂင်မ်)ကို ခင်းပြီး ထမင်းကို ရေညှိပြားပေါ်ဖြန့်တင်ပြီးအနည်းငယ် ဖိပေးပြီးနောက် အသင့်ပြင်ထားသည့် ကြက်ဥ၊ အသားပြား၊ အူအောင်း ၊ မုန်လာဥအချို(ဒန်းမူဂျီ)၊ ဂဏန်းသားချောင်းများကို တင်ပေးပြီးနောက် အလိပ်လိပ်ပေးပါ။

လိပ်ပြီးသွားသော ကင်မ်ဘပ်(ရေညှိထမင်းလိပ်)တွင် နှမ်းဆီမွှေးအနည်းငယ် သုတ်ပေးပါ။

စားလို့ကောင်းမည့် အရွယ်အစားခန့်မှန်း၍ လှီးပေးပြီးပါက Kimbab(ကိုရီးယား ရေညှိ ထမင်းလိပ်) ပြုလုပ်ခြင်း ပြီဆုံးသွားပြီ ဖြစ်ပါသည်

image