Box Office မှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ How to Train Your Dragon
How to Train Your Dragon ကတော့ ပထမပတ်မှာ ၈၃ သန်းနဲ့ ထိပ်ဆုံးရောက်နေပြီး၊ A24 ရဲ့ ‘Materialists’ ကလည်း ၁၂ သန်းနဲ့ တော်တော်လေး အောင်မြင်နေပါတယ်။
ဒီတစ်ပတ်ပိတ်ရက်မှာတော့ Family Movie တစ်ခုဖြစ်တဲ့ How to Train Your Dragon Live Action ကတော့ ၂၀၁၀ ကထွက်ခဲ့တဲ့ ကာတွန်းကားရဲ့အရှိန်ကြောင့် ခန့်မှန်းထားတဲ့ လက်မှတ်ရောင်းအားထက် ပိုရောင်းရခဲ့ရပါတယ်။
Universal ရဲ့ Live Action Version က ရုပ်ရှင်ဟာ နိုင်ငံတကာမှာ ၁၁၄ သန်း ထပ်ရခဲ့ပြီး ကမ္ဘာတဝှမ်း စုစုပေါင်း ၁၉၇.၈ သန်းနဲ့ တော်တော်လေးအောင်မြင်နေတဲ့ ဇာတ်ကားဖြစ်နေပါတယ်။
ဒီရုပ်ရှင်ဟာ ထုတ်လုပ်ဖို့ ၁၅၀ သန်း၊ ဈေးကွက်မြှင့်တင်ဖို့ ၁၀၀ သန်လောက် ကုန်ကျခဲ့ရပါတယ်။
PG အဆင့်သတ်မှတ်ခံရတဲ့ ရုပ်ရှင်တွေထဲမှာ ဒါက အောင်မြင်မှုအများဆုံးရရှိထားတဲ့ ရုပ်ရှင်ဖြစ်လာတော့မှာပါ။
“PG ဆိုတာ ကလေးတွေအတွက် သင့်တော်ပြီး လူငယ်၊ ဆယ်ကျော်သက်တွေနဲ့ လူကြီးတွေကိုပါ ဆွဲဆောင်နိုင်တဲ့ အနေအထားမျိုးဖြစ်တယ်” လို့ Comscore ရဲ့ အကြီးတန်းသုံးသပ်သူ Paul Dergarabedian က ပြောလာပါတယ်။
ဒီရုပ်ရှင်ကို Dean DeBlois က ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာလုပ်ခဲ့တယ်။ သူက အရင်က ၁.၆ ဘီလျံရခဲ့တဲ့ ကာတွန်းသုံးကား (၂၀၁၄ က “How to Train Your Dragon 2” နဲ့ ၂၀၁၉ က “How to Train Your Dragon: The Hidden World”) ကို ဦးစီးခဲ့သူလည်းဖြစ်ပါတယ်။
Universal ကတော့ How to Train Your Dragon Live Action ရဲ့ အောင်မြင်မှုကြောင့် How to Train Your Dragon 2 ကိုပါ ၂၀၂၇ မှာထုတ်လုပ်မယ်လို့ ကြေငြာခဲ့ပါတယ်။

image