Pirates of the Caribbean အတွက် မူရင်းသရုပ်ဆောင်တွေနဲ့ ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ သိရ
Pirates of the Caribbean ရဲ့ မင်းသားဖြစ်တဲ့ Orlando Bloom ကတော့ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက Pirates of the Caribbean မှာ ပန်းပဲသမားကနေ ကပ္ပတိန်ဖြစ်လာတဲ့ Will Turner
အဖြစ် သရုပ်ဆောင်ခဲ့တဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် မကြာသေးခင်က သတင်းအရ သူဟာ အနာဂတ်မှာရိုက်ကူးမယ့် Pirates of the Caribbean မှာ ပြန်သရုပ်ဆောင်ဖို့ အခွင့်အလမ်းရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ပြီးတော့ သူတစ်ယောက်တည်းမဟုတ်ဘူး တခြားသူတွေလည်းရှိသေးတယ်လို့ သိရပါတယ်။
ဒီအကြောင်းကိုတော့ This Morning Show မှာ ပြောခဲ့တာဖြစ်ပြီး Pirates of the Caribbean မှာ Johnny Depp (Jack Sparrow) နဲ့အတူ နောက်ထပ် ရုပ်ရှင်ထဲမှာ အတူတွေ့ရဖို့ အခွင့်အလမ်းရှိမရှိ မေးခဲ့တာဖြစ်ပါတယ်။
Orlando Bloom က Pirates of the Caribbean ရုပ်ရှင် ၅ ကားထဲမှာ ၄ ကားမှာ ပါဝင်ခဲ့ပြီး သူ့ရဲ့ ဇာတ်ဝင်တဲ့ အချိန်က တစ်ကားနဲ့တစ်ကား မတူညီခဲ့ပါဘူး။ The Curse of the Black Pearl၊ Dead Man’s Chest၊ နဲ့ At World’s End တို့မှာ အဓိကဇာတ်ဆောင် ၃ ယောက်ထဲက တစ်ယောက်ဖြစ်ခဲ့ပြီး၊ ၂၀၁၇ ခုနှစ်က Pirates of the Caribbean: Dead Men Tell No Tales မှာတော့ ဧည့်သရုပ်ဆောင်အနေနဲ့ ခဏလေး ပါဝင်ခဲ့ပါတယ်။
နောက်ဆုံးကြားခဲ့ရတာကတော့ Pirates of the Caribbean ရဲ့ 7 ကားမြှောက်နဲ့ Margot Robbie
ပါဝင်မယ့် အမျိုးသမီး Captain Jack Sparrow တို့ရဲ့ Spin Off ရုပ်ရှင်တစ်ကား ပြင်ဆင်နေတယ်လို့ သတင်းတွေထွက်လာပေမယ့် နောက်ပိုင်းတော့ ဘာမှသိပ်မကြားခဲ့ရတော့ပါဘူး ပြီးတော့ Margot Robbie ကလည်း ၂၀၂၂ မှာ ဒီ Project ကို ဖျက်သိမ်းလိုက်ပြီလို့လည်း ပြောခဲ့ဖူးပါတယ်။
“ဒါက ရုပ်ရှင်နှစ်ကားဖြစ်တယ်” လို့ ထုတ်လုပ်သူ Jerry Bruckheimer က
၂၀၂၄ မှာ Entertainment Weekly ကို ပြောခဲ့ဖူးပါတယ်။ “ကျွန်တော်တို့ နှစ်ကားလုံး ရိုက်နိုင်မယ်လို့ မျှော်လင့်ပါတယ်၊ Disney ကလည်း Margot Robbie ရဲ့ ရုပ်ရှင်ကို တကယ်လုပ်ချင်တယ်လို့ သဘောတူတယ်လို့ ထင်တယ်။” လို့ပြောဖူးပါတယ်။
လက်ရှိမှာတော့ Pirates of the Caribbean နဲ့ပတ်သက်ပြီး ဘာမှတော့ သိပ်ပြီး မသိရသေးပါဘူး။
