10 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာလုပ်သား ၂၀၀ ကျော် ၏ လုပ်ခလစာများ ပြန်လည်ရရှိ
ထိုင်းနိုင်ငံချွန်ပူလီခရိုင် လယောင်မြို့ရှိအလူမီနီယံခဲဘတ် ထုတ်လုပ်သည့် စက်ရုံမှအလုပ်ဖြုတ်ခံလိုက်ရသည့် မြန်မာအလုပ်သမား ၂ဝဝ ကျော်၏ လုပ်ခလစာများ ပြန်လည်ရရှိခဲ့ကြောင်း အလုပ်သမားမဟာမိတ် (WAG Myanmar) အဖွဲ့မှသိရသည်။
ထိုစက်ရုံတွင် MoU/Name List/CI ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားစုစုပေါင်း ၃၀၀ ကျော်သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်တွင် ကြားစပ်ကုမ္ပဏီမှတစ်ဆင့် အလုပ်စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ် ဇွန် ၁၁ ရက်တွင် အလူမီနီယံခဲဘတ်စက်ရုံမှ ကြားစပ်ကုမ္ပဏီကို နာမည်စာရင်းသာပါသည့် အလုပ်သမား ၆၅ ဦးသာ လက်ခံမည်ဟု အကြောင်းကြားခဲ့ပြီး မြန်မာအလုပ်သမား ၂၀၀ ကျော်ကို အလုပ်ဖြုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလုပ်ထုတ်ခံရသော အလုပ်သမား ၂၀၀ ကျော်သည် မေ ၁ဝ ရက်မှစ၍ လုပ်အားခတစ်လစာအား စက်ရုံဘက်မှထုတ်ပေးခြင်းမရှိသည့်အပြင် ကြိုတင်အကြောင်းမကြားဘဲအလုပ်ထုတ်ခံရသောကြောင့် WAG ထံအကူအညီတောင်းခံခဲ့ကြောင်း သိရသည်။
WAG အဖွဲ့သည် ဇွန် ၁၃ ရက်တွင် အလုပ်သမားနှင့် သွားရောက်တွေ့ဆုံပြီး မြို့နယ်ဆဝါဒီကန်ရုံး၌ အလုပ်သမားအခွင့်အရေးကို သွား ရောက်တောင်းဆိုခဲ့ပြီး ဆဝါဒီကန်ရုံးတာဝန်ရှိသူများနှင့် WAG အဖွဲ့သားများပူပေါင်းဆောင်ရွက်ပေးမှုကြောင့် ဇွန် ၁၄ ရက်တွင်ကြားစပ်ကုမ္ပဏီ (SRP)က ၎င်းအလုပ်သမားများ၏ လုပ်အားခ များပြန်လည်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - WAG

image