10 ပတ် - ဘာသာပြန်ပါ။

·
🌼ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ 🌼
မုန်းတိုင်းတွေကျရင်တော့
ကမ်းစမ်မှာပဲ နေနေ
မြစ်လယ်မှာပဲ နေနေ လှိုင်းပုတ်တဲ့ ဒဏ်ကိုတော့ ခံရမှာပဲ ။
လူ့လောကကို ရောက်လာရင်တော့
ကောင်းတာပဲ လုပ်လုပ်
မကောင်းတာပဲ လုပ်လုပ်
ပတ်ဝန်းကျင်ရဲ့ ဝေဖန်ကဲ့ရဲ့ခြင်းတွေကို ခံရမှာပဲ ။
ဘယ်လိုအခက်အခဲတွေ
ဘယ်လိုဝေဖန်မှုမျိုးတွေနဲ့ပဲ ကြုံတွေ့နေရပါစေ
ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ စိတ်ဓာတ်တွေနဲ့
လောကကြီးကို
အကောင်းဆုံး ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် ကြိုးစားပါ ။
လူ့လောကမှာတော့
ကိုယ့်ထက်သာရင် မုဒိတာမပွားကြပဲ
ဘယ်လိုတိုက်ခိုက်ရမလဲ
ဘယ်လိုဝေဖန်ကဲ့ရဲ့လိုက်ရမလဲဆိုတဲ့သူတွေက
တဖြည်းဖြည်းနဲ့ ပိုပိုပြီးတော့ များပြာလာကြတယ် ။
ပတ်ဝန်းကျင်ရဲ့
ဝေဖန်တိုက်ခိုက်မှုတွေကို ကြောက်ရွံ့ပြီးတော့
ဘာမှမလုပ်ပဲ နေလိုက်မယ်ဆိုရင်
ကိုယ့်ဘဝ ဆုတ်ယုတ်မှုတွေ ကြုံတွေ့ရမယ် ။
လောကဓံ
ဘယ်လောက်ပဲ ဆိုးဝါးနေပါစေ
ပတ်ဝန်းကျင်
ဘယ်လိုပဲ တိုက်ခိုက်နေပါစေ
အပြုံးမပျက်ပဲ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားပါ ။🌼🌼
✍️အရှင်ဇဝန (ရွှေကုန်းမြေ)✍️

image