10 ပတ် - ဘာသာပြန်ပါ။

ဖားကန့် လုံးခင်းမှာ အမျိုးသားနှစ်ယောက် ပစ်ခတ်ခံရလို့ တယောက်သေဆုံးပြီး ရက်ပိုင်းအတွင်း ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေ
ဇွန် - ၁၆၊၂၀၂၅
GG (VOM)
ကချင်ပြည်နယ်၊ဖားကန့် မြို့နယ်မှာ လုံးခင်းရွာမှာ ဒီနေ့ ဇွန် ၁၆ ရက်မနက်ပိုင်းက အမျိုးသားနှစ်ယောက် ပစ်ခတ်ခံမှုဖြစ်ပွားပြန်လို့ တယောက်သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
" ခုမနက်က လုံးခင်းက ရပ်ကွက်(၅)၊ ရှမ်းမလေး ကွမ်းယာဆိုင်ရှေ့မှာတယောက်ပစ်ခံရပြီးသေနေတယ်။နောက်တယောက်က လမ်းဘေးရေမြောင်းထဲကျနေတာတွေ့ရတယ်။သူကတော့မသေဘူးသိရတယ်။" လို့ ဒေသခံကပြောပါတယ်။
ဇွန် ၁၄ ရက်ကလည်း လုံးခင်း ရပ်ကွက် ၂ လမ်းပေါ်မှာ အမျိုးသား ပစ်ခတ်ခံခဲ့ရပြီး ဇွန် ၁၃ ရက်ကလည်း ဖားကန့် ၊တောင်ယာကုန်းမှာ အမျိုးသားသုံးယောက်သတ်ဖြတ်ခံထားရတာတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။
ဇွန် ၁၂ ရက်နေ့မှာလည်း လုံးခင်း ၊မှော်စီစာကျေးရွာ လမ်းဆုံမှာ အမျိုးသား သုံးယောက် သတ်ဖြတ်ခံထားရပြီး အလောင်းစွန့်ပစ်ခံထားမှုရှိခဲ့တယ်လို့သိရပါတယ်။
ဒါကြောင့် ယခုရက်ပိုင်းအတွင်း ဖားကန့်မှာ သတ်ဖြတ် ခံရတဲ့အမျိုးသား ခုနှစ်ယောက်အထိ ရှိလာနေပြီဖြစ်တယ်လို့သိရပါတယ်။
ဖားကန့်မှာ ပစ်ခတ်သတ်ဖြတ်ခံရသူတွေနဲ့ဒဏ်ရာရသူတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာနယ်မြေ အာဏာပိုင်အဖွဲ့ရဲ့ခွင့်ပြုချက်ရမှသာ အလောင်းကောက်တာ၊ ဒဏ်ရာရရသူကိုဆေးရုံပို့တာတွေလုပ်ဆောင်ခွင့်ရှိတဲ့အခြေအနေတွေရှိတယ်လို့သိရပါတယ်။
" အလောင်းကောက်ချင်သလိုကောက်မရဘူး။တိုက်နယ်ဆေးရုံနဲ့ချိတ်ပြီးမှ ခွင့်ပြုချက်နဲ့လုပ်ရင်တောင် ဘယ်ကကောက်တာလဲ ၊ မိသားစုက ဘယ်ကလဲ ဆိုပြီးအစုံစစ်ဆေးခံရတယ်။တာဝန်ရှိ သူတွေကခွင့်ပြုရင် လုပ်လို့ရပါတယ်။အခုပစ်ခံရတဲ့သူတွေထဲမှာဆေးသမားတွေများတယ်လို့သိရတယ်။" လို့ ဒေသခံက ပရဟိတသမားတယောက်ကပြောပါတယ်။
ဇွန် ၁၅ ရက်ကလည်း ဖားကန့် ဆွတ်ငိုင်ယန်ရွာမှာ လက်နက်ကြီးကျရောက်ခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက် ကျည်စထိမှန်ပြီး ဆေးဝါးကုသမှုခံယူနေရတယ်လို့သိရပါတယ်။
ဓာတ်ပုံ -ဒေသခံ

imageimage