#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် အမေရိကန်စစ်သင်္ဘော ဆစ်ဒနီရောက်ရှိ
ဩစတြေးလျနိုင်ငံ၌ကျင်းပမည့် အဆောင်ဓားအမည်ရှိ နိုင်ငံ တကာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခု၌ ပါဝင်ရေးအတွက် အမေရိကန်ရေတပ်မှ စစ်သင်္ဘောတစ်စင်း ဇွန် ၁၄ ရက်တွင် ဆစ်ဒနီဆိပ်ကမ်းသို့ ဆိုက်ရောက်လာကြောင်း သိရသည်။
အဆောင်ဓားနိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှု၌ အမေရိကန်စစ်ဘက်မှ စစ်သင်္ဘောသုံးစင်း၊ ရေတပ်သားနှင့် မရိန်းတပ်ဖွဲ့ဝင် ၂၅ဝဝ၊ ရေငုပ်သင်္ဘောချေမှုန်းရေး ရဟတ်ယာဉ်များနှင့် အက်ဖ်-၃၅ ဘီ တိုက်လေယာဉ်များ ပါဝင်မည်ဖြစ်သည်။
အဆောင်ဓားနိုင်ငံစုံ စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံပေါင်း ၁၃ နိုင်ငံ တို့မှတပ်ဖွဲ့ဝင်ပေါင်း ၃ဝဝဝဝ ကျော် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါနိုင်ငံစုံ စစ်ရေးလေ့ကျင့်မှုကိုဇူလိုင်လအတွင်း စတင်မည်ဖြစ်ပြီး ဩစတြေးလျ၏အိန္ဒိယသမုဒ္ဒရာဒေသနယ်မြေ ဖြစ်သော ခရစ္စမတ်ကျွန်းမှ ဩစတြေးလျ အရှေ့ဘက်ကမ်းရိုးတန်း ကိုရယ်ပင်လယ်ဒေသအထိ အကျုံးဝင်သောနယ်မြေအတွင်း ပြုလုပ်မည်ဖြစ်သည်။
ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနီစီနှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့၏ ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ အမေရိကန်ရေ တပ်မှစစ်သင်္ဘောတစ်စင်း အဆောင်ဓား နိုင်ငံစုံပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ဩစတြေးလျတို့ရောက်ရှိလာခြင်းဖြစ်သည်။
ယခုနှစ် အဆောင်ဓားနိုင်ငံစုံ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်၊ ဩစတြေးလျ၊ စင်ကာပူ၊ ဂျပန်၊ ဥရောပနိုင်ငံများမှ တပ်ဖွဲ့ဝင်များနှင့်အတူ အိန္ဒိယတပ်ဖွဲ့ဝင်များလည်း ပထမဆုံးအကြိမ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ရိုက်တာ
