#ဝက်သားဒုတ်ထိုးလုပ်နည်းကိုယ်တိုင်လုပ်စားလို့ရပီရှင့်?
❤❤❤❤❤
(ဝက်အူမကြီး ဒုတ်ထိုး)😋😋😋
ဝက်အူမကြီး - ၃၀ သား
ဆား - အနည်းငယ် ရှလကာရည် - အနည်းငယ်
ရှလကာရည် - အနည်းငယ်
Maggi Seasoning Sauce - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
နာနတ်ပွင့် - ၂ ပွင့်
ဆီ - အနည်းငယ်ရေနွေး
(ဝက်သား သုံးထပ်သား ဒုတ်ထိုး)😋😋
ဝက်သား သုံးထပ်သား - ၂၅ သား
နာနတ်ပွင့် - ၂ ပွင့်
Maggi Seasoning Sauce - အနည်းငယ်
ဆား & ငရုပ်ကောင်းမှုန့် - အနည်းငယ်
(ကြက်အူ ဒုတ်ထိုး)😋
ကြက်အူ - ၂၀ သား
ဆား - အနည်းငယ်
ရှလကာရည် - အနည်းငယ်
Maggi Seasoning Sauce - အနည်းငယ်
ငရုတ်ကောင်းမှုန့် - အနည်းငယ်
နာနတ်ပွင့် - ၂ ပွင့်
ဆီ - အနည်းငယ်
ရေနွေး
(တွဲဖက်စားရန်)
အချဉ်ရည် ၊ ငရုပ်ဆီ ၊
ငရုပ်ဆီ
ကြက်သွန်ဖြူ
ငရုပ်သီးစိမ်း
ပြုလုပ်နည်း
(ဝက်အူမကြီး ဒုတ်ထိုး)😋
ဝက်အူမကြီးကို ဆား ၊ ရှလကာရည် တို့နှင့် အထပ်ထပ် အခါခါ ဆေးပါ ။
ပြီးလျင် ဝက်အူမကြီးကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်ရ်ျ နှပ်ထားပါ ။
ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်ရ်ျ နှပ်ထားသော ဝက်အူမကြီးကို အရောင်နီလာသည်အထိ ထည့်ရ်ျ လှိမ့်ပါ ။
ပြီးလျင် နာနတ်ပွင့် နှင့် ရေနွေးကို ဝက်အူမကြီး မြှပ်သည်အထိ ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။ ရေလိုက နဲနဲခြင်း ထပ်ရ်ျ ထည့်နိုင်ပါသည် ။
ဝက်အူမကြီးက ကျက်ပါက အအေးခံရ်ျ မထူမပါး လှီးရ်ျ အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။
(ဝက်သား သုံးထပ်သား ဒုတ်ထိုး)😋😋
ဝက်သား သုံးထပ်သားကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်ရ်ျ နှပ်ထားပါ ။
ဒယ်အိုးထဲတွင် ဝက်သား သုံးထပ်သားကို ထည့်ပြီး နာနတ်ပွင့် နှင့် ရေနွေးကို မြှပ်သည်အထိ ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။
ရေလိုက နဲနဲခြင်း ထပ်ရ်ျ ထည့်နိုင်ပါသည် ။
ဝက်သား သုံးထပ်သားကို နူးမြည့်သည်အထိ တည်ရန် မလိုပါ
အသားနူးက အအေးခံရ်ျ မထူမပါး လှီးပြီး အိုးထဲမှ ဝက်သားအရည်ကို ဆန်းပြီး အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။
(ကြက်အူ ဒုတ်ထိုး)😋😋
ကြက်အူများကို ဆား ၊ ရှလကာရည် တို့နှင့် အထပ်ထပ် အခါခါ ဆေးပါ ။
ပြီးလျင် ကြက်အူများကို Maggi Seasoning Sauce ၊ ဆား ၊ ငရုတ်ကောင်းမှုန့် တို့နှင့် နယ်ရ်ျ နှပ်ထားပါ ။
ဒယ်အိုးထဲတွင် ဆီအနည်းငယ် ထည့်ရ်ျ နှပ်ထားသော ကြက်အူများကို အရောင်နီလာသည်အထိ ထည့်ရ်ျ လှိမ့်ပါ ။
ပြီးလျင် နာနတ်ပွင့် နှင့် ရေနွေးကို ကြက်အူများ မြှပ်သည်အထိ ထည့်ရ်ျ မီးအေးအေးဖြင့် တည်ပါ ။
ကြက်အူသည် နူးလွယ်ရ်ျ ရေအများကြီး မထည့်ရပါ ။ ရေလိုက နဲနဲခြင်း ထပ်ရ်ျ ထည့်နိုင်ပါသည် ။
ကြက်အူများ ကျက်ပါက အအေးခံပြီး တလုပ်စာစီ လှီးရ်ျ အချဉ်ရည်နှင့် တို့ပြီး သုံးဆောင်နိုင်ပါသည် ။
ဝက်အူမကြီး ဒုတ်ထိုး ၊ ဝက်သား သုံးထပ်သား ဒုတ်ထိုး ၊ ကြက်အူ ဒုတ်ထိုး တို့ကို အချဉ်ရည် ၊ ငရုပ်ဆီ ၊ ကြက်သွန်ဖြူ ၊ ငရုပ်သီးစိမ်းတို့နှင့် တွဲဖက်ရ်ျ စားကြပါသည် ။
