🌿🌿 အာရုံကြောအားနည်းပြီး ညဘက်အိပ်မပျော်ပါက
ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုး(၇)မျိုး🌿🌿
================================
(၁) အာရုံစူးစိုက်မှု လျော့နည်းလာခြင်း
•••••••••••••••••••••••••••••••••••
အိပ်ယာဝင်နောက်ကျခြင်းတဲ့ အခါ အိပ်ယာထတာကိုလည်းနောက်ကျစေပါတယ်။ အိပ်ယာ နောက်ကျမှ နိုးခြင်းကြောင့် စိတ်မကြည်လင်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့ပြင် တစ်နေကုန် လုပ်သမျှအရာတွေကိုလည်း အာရုံစူးစိုက်နိုင်မှုနည်းလာပါတယ်။ ဒါဆိုရင်တော့ တစ်နေကုန်လုပ်ကိုင်သမျှအရာတွေ အဆင်ပြေတော့ မှာ မဟုတ်ပါဘူးနော်။
(၂)ကြမ်းတမ်းတဲ့ အသံကို ဖြစ်ပေါ်စေခြင်း
•••••••••••••••••••••••••••••••••••••••
အိပ်ချိန်မမှန်တဲ့ အခါ ဆိုးရွားတာတစ်ခုကတော့ သင့်ရဲ့ ပင်ကိုယ်အသံကို ဆိုးစေတာဖြစ်ပါတယ်။ အိပ်ချိန်နောက်ကျပြီးမှ အိပ်တဲ့ အခါ သင်ရဲ့ အသံဟာ တည်ငြိမ်မှုမရှိတော့ပဲ အသံလုံးကြီးကြီး အသံအော်အော်ကြီး ဖြစ်အောင် ပြောင်းလည်းသွားစေနိုင်ပါတယ်။ ဒါကြောင့် အဆိုဝါသနာပါတဲ့ သူတွေအတွက် အိပ်စက်ချိန်က အရမ်းကို အရေးကြီးပါတယ်။
(၃) မူးဝေ ခေါင်းကိုက်ခြင်းကို ဖြစ်ပေါ်စေနိုင်ခြင်း
•••••••••••••••••••••••••••••••••••••••••••••
အိပ်ချိန်ပုံမှန်မရှိတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေဟာ အမြဲလိုလို နှောင်းနှေးတတ်ပါတယ်။ အိပ်ချိန်မမှန်တဲ့ အခါ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေက နှောင်နှေးလာတဲ့ အတွက် အလုပ်တွေအများကြီး လုပ်ရတဲ့အခါ မခံနိုင်ပဲ မူးဝေခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
(၄)အဝလွန်ခြင်း
••••••••••••••••
ဒါကိုတော့ အမျိုးသမီးအများစုက ကြိုက်ကြမှာမဟုတ်ပါဘူး။ မိန်းကလေးတွေဆိုတာ အမြဲ သွယ်လျတဲ့ ခန္ဓာကိုယ်လေးကိုပဲ ပိုင်ဆိုင်ချင်ကြတာပါ။ ဒါဆိုရင်တော့ အိပ်ချိန်မှန်ဖို့က အရမ်းကို အရေးကြီးတဲ့ ကဏ္ဍကနေ ပါနေပြီနော်။ ညစာစားပြီးတဲ့ နောက်ပိုင်း မိန်းကလေးအများစုက သရေစာမုန့်လေးတွေကိုစားတတ်ပါတယ်။ အဲ့လိုစားပြီး အိပ်တဲ့ အခါ အစာချေစနစ်ကိုနှောင့်နှေးစေတဲ့ အတွက် အဝလွန်ခြင်းကိုဖြစ်ပေါ်စေပါတယ်။
(၅)မျက်ကွင်းညိုစေခြင်း
•••••••••••••••••••••••
မျက်ကွင်းညိုညိုကြီးနဲ့ လူတစ်ယောက်ကိုကြည့်ရတာ အတော်ဆိုးနေမှာပါ။ ဒီလိုမဖြစ်ဖို့ဆိုရင်တော့ အိပ်ချိန်ကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ မျက်ကွင်းညိုခြင်းဟာ အိပ်ချိန်မလုံလောက်ခြင်းနဲ့ အိပ်ချိန်ပြောင်းလိုက်တဲ့ အချိန်မျိုးတွေမှာ အဖြစ်များပါတယ်။
(၆)ခန္ဓာကိုယ်မှာရှိတဲ့ ရောဂါတွေကို ပိုပြီးဆိုးရွားစေနိုင်ခြင်း
•••••••••••••••••••••••••••••••••••••••••••••••••••••
အိပ်ချိန်နောက်ကျတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဟော်မုန်းဓာတ်တစ်မျိုးဖြစ်တဲ့ ခရိုတီဆော့လ် ထွက်လာပြီ သွေးဖိအားကိုမြှင့်တက်စေနိုင်တာကြောင့် ရှိပြီးသားရောဂါတွေကို ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ ပိုပြီးဆိုးရွားတာကတော့ ကင်ဆာနဲ့ ဆီးချိုရောဂါတွေကို ဖြစ်ပွားနိုင်ခြင်းဖြစ်ပါတယ်။
(၇)စိတ်ဖိစီးမှုကို ပြင်းထန်စွာဖြစ်ပေါ်စေခြင်း
••••••••••••••••••••••••••••••••••••••••
အိပ်ချိန်နောက်ကျတဲ့အခါ ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဟာ အိပ်ချိန်နောက်ကျခြင်းရဲ့ ရောဂါ လဏ္ခာတစ်ခုပဲ ဖြစ်ပါတယ်။ အိပ်ယာဝင်နောက်ကျတဲ့ လူတစ်ယောက်ဟာ သာမန်လူတွေထက် စိတ်ဓာတ်ကျခြင်းကို ပိုပြီးပြင်းထန်စွာခံစားရနိုင်ပါတယ်။

image