💜💜 နာကျင်မှုဧရိယာပေါ်မူတည်၍ ဖြစ်ပေါ်လာသည့်
ခါးနာခြင်း(Back pain)အကြောင်းရင်းများ💜💜
•••••••••••••••••••••••••••••••••••••••••••••••••••••
အကြောင်းအမျိုးမျိုးကြောင့် ခါးနာနိုင်သည်။
၎င်းတို့ထဲမှ အနည်းငယ်ကိုဖော်ပြရလျှင်.....
(၁)ကျောအပေါ်ဘက်တွင် နာတာရှည်နာပြီး ချောင်းဆိုးခြင်း၊ကိုယ်အလေးချိန်ကျခြင်းတို့ဖြစ်ပါက
အဆုတ်တီဘီ(TB, Consumption )ဖြစ်နိုင်သည်။
(၂)ကလေး၏ကျောလယ်တွင်နာလျှင် (အထူးသဖြင့် ခါးရိုးဖုနေလျှင်)ခါးရိုးဆစ်တီဘီဖြစ်နိုင်သည်။
(၃)အလေးအပင်မပြီး နောက်တစ်နေ့တွင် ခါးနာတတ်သည်။ သို့မဟုတ် အားစိုက်လုပ်ခြင်းသည် အရွတ်စုပ်ပြဲနိုင်သည်။
(၄)အလေးအပင်မခြင်း ၊သို့မဟုတ်၊ ခါးလှည့်သည့်အခါ ရုတ်တစ်ရက်ခါးနာခြင်းသည် slipped disc အရွတ်ပြားဝိုင်းချော်သွားစေတတ်သည်။
(၅) အထူးသဖြင့် ခြေထောက်တစ်ဖက်(သို့)ခြေဖဝါးတစ်ဖက် နာကျင်လျှင်(သို့)ထုံကျင်နေလျှင်(သို့)အားနည်းလျှင်လည်း ခါးနာတတ်သည်။
အကြောညပ်ရာမှ ဤသို့ဖြစ်တတ်သည်။
(၆)လက်ပြင်ကုန်းပြီး မတ်တပ်ရပ်ခြင်း(သို့)ထိုင်ခြင်းစသည့် ထိုင်ပုံ၊ရပ်ပုံမမှန်ခြင်းသည်၊ ခါးနာရသည့်အကြောင်းရင်းများထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။
(၇)အသက်အရွယ်ကြီးသူများတွင် နာတာရှည်ခါးနာရခြင်းသည် တစ်ခါတစ်ရံ အကြောအဆစ်ရောင်ခြင်းတို့ကြောင့်ဖြစ်တတ်သည်။
(၈)ညာဘက်ကျောအထက်ပိုင်းတွင် နာကျင်ခြင်းသည် ၊ သည်းခြေအိတ်ရောဂါ(Gallbladder Problems) ကြောင့် ဖြစ်နိုင်သည်။
(၉)ညာဘက်ဘေးတွင် စူးစူးနာခြင်း၊သို့မဟုတ်၊ တာရှည်နာနေလျှင် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ(Problems of the urinary tract) ကြောင့်ဖြစ်နိုင်သည်။
(၁၀)ခါးအောက်ပိုင်းနာခြင်းသည် အချို့သောအမျိုးသမီးများ၌ မီးယပ်လာချိန်၊ ကိုယ်ဝန်ဆောင်ချိန် များတွင် ဖြစ်လေ့ရှိသည်။
(၁၁)ခါးအောက်ပိုင်းကျကျ(မြှီးညှောင့်ရိုးအထက်နား)နာကျင်ခြင်းသည် သားအိမ်၊မမျိုးဥအိမ်၌၎င်း၊
အူမကြီးအောက်ပိုင်းတွင်၎င်း ရောဂါဖြစ်ရာမှ တစ်ခါတစ်ရံ နာကျင်တတ်သည်။
ထို့သို့သောအကြောင်းများကြောင့် ခါးနာတတ်ကြလေရာ ၊ ခါးနာသည်ဆိုတိုင်း အနှိပ်သည်ဖြင့် နှိပ်နှယ်ခြင်းမပြုသင့်ချေ။
