စိတ်ပူပန်ရမယ့်အကြောင်းတွေ တွေးမိရင်
အကုန်လုံးကို စိတ်မချရတာချည်းပဲ ။
အဖေနဲ့အမေကို နေကောင်းနေစေချင်တယ် ၊
မောင်နှမတွေကို အလုပ်တွေအဆင်ပြေစေချင်တယ် ၊
သူငယ်ချင်းတွေကို အသည်းမကွဲစေချင်ဘူး ။
ချစ်ကြသူတိုင်း ပေါင်းရပြီး
အနတ္တနဲ့ ဒုက္ခတွေ
ဘဒ္ဒကမ္ဘာမှာ ဝေးစေချင်တယ် ။
မင်းစိတ်လည်း အေးစေချင် ၊
မုန်းစိတ်လည်း ငြိမ်းစေချင်ပါတယ် ။
